18. ဤသို့တမန်တော်တို့ကြွေးကြော်ကြသော် လည်း လူတို့ယဇ်ပူဇော်ရန်ကြိုးစားမှုကိုမူ ဆီးတား၍မရချေ။
19. သို့ရာတွင်ယုဒအမျိုးသားအချို့သည်အန္တိ အုတ်မြို့နှင့်ဣကောနိမြို့တို့မှရောက်လာကြ ပြီးလျှင် လူပရိသတ်တို့ကိုမိမိတို့ဘက်သို့ ပါအောင်ဆွဲဆောင်ကြ၏။ ထိုနောက်ပေါလုကို ခဲဖြင့်ပေါက်၍ သေလုပြီဟုထင်သဖြင့်မြို့ ပြင်သို့ဆွဲထုတ်သွားကြ၏။-
20. သို့သော်မိမိ၏ပတ်လည်တွင်တပည့်တော်တို့ ရောက်လာကြသောအခါ ပေါလုသည်ထ၍မြို့ ထဲသို့ဝင်လေ၏။ နောက်တစ်နေ့၌ပေါလုနှင့် ဗာနဗသည်ဒေရဗေမြို့သို့ထွက်ခွာသွား ကြ၏။
21. ပေါလုနှင့်ဗာနဗတို့သည်ဒေရဗေမြို့တွင် သတင်းကောင်းကိုဟောပြောကြေညာသဖြင့် လူအမြောက်အမြားတပည့်တော်များဖြစ် လာကြ၏။ ထိုနောက်လုတ္တရမြို့၊ ဣကောနိ မြို့နှင့်ပိသိဒိပြည်အန္တိအုတ်မြို့သို့ပြန် ကြ၏။-
22. ``ငါတို့သည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန် ဒုက္ခဆင်းရဲများစွာခံရကြလိမ့်မည်'' ဟုဟောပြောသွန်သင်ကာတပည့်တော်တို့ အားကြံ့ခိုင်စေကြ၏။ သူတို့၏ယုံကြည်ခြင်း ခိုင်မြဲစေရန်အားပေးနှိုးဆော်ကြ၏။-
23. ပေါလုနှင့်ဗာနဗတို့သည်အသင်းတော်တိုင်း ၌ အသင်းတော်လူကြီးများကိုခန့်ထားကြ၏။ ထိုနောက်ဆုတောင်းပတ္ထနာပြု၍အစာရှောင် ပြီးလျှင် အသင်းတော်ဝင်တို့ယုံကြည်ကြ သည့်သခင်ဘုရား၏လက်တော်သို့ထိုသူ တို့ကိုအပ်ကြ၏။-
24. ပေါလုနှင့်ဗာနဗသည်ဝိသိဒိပြည်ကိုဖြတ် သွားပြီးနောက် ပံဖုလိပြည်သို့ရောက်ကြ၏။-
25. သူတို့သည်ပေရဂေမြို့တွင်တရားတော်ကို ဟောပြောကြ၏။ ထိုနောက်အတ္တလိမြို့သို့ သွားပြီးလျှင်၊-
26. အန္တိအုတ်မြို့သို့သင်္ဘောလွှင့်ကြ၏။ ထိုမြို့ကား ယခုမိမိတို့ဆောင်ရွက်ပြီးစီးသွားသည့် အမှုတော်အတွက် ဘုရားသခင်၏ကျေးဇူး တော်သို့အပ်နှံ၍စေလွှတ်သောမြို့ပင်ဖြစ် သတည်း။