တမန်တော်ဝတ္ထု 14:11-24 Common Language Bible (BCL)

11. လူ​ပရိသတ်​တို့​သည်​ပေါ​လု​ပြု​သော​အ​မှု အ​ရာ​ကို​မြင်​လျှင် ``နတ်​ဘု​ရား​တို့​သည်​လူ့ အ​သွင်​ကို​ဆောင်​၍ ငါ​တို့​ထံ​သို့​သက်​ဆင်း လာ​လေ​ပြီ'' ဟု​မိ​မိ​တို့​လု​ကော​နိ​ဘာ​သာ စ​ကား​ဖြင့်​ကြွေး​ကြော်​ကြ​၏။-

12. သူ​တို့​သည်​ဗာ​န​ဗ​အား​ဇု​သ​ဟု​ခေါ်​ကြ​၏။ ခေါင်း​ဆောင်​၍​ဟော​ပြော​သူ​ဖြစ်​သော​ကြောင့် ပေါ​လု အား​ဟေ​ရ​မေ​ဟု​ခေါ်​ကြ​၏။-

13. ဇု​သ​နတ်​ဘု​ရား​၏​ဗိ​မာန်​သည်​မြို့​အ​ပြင်​တွင် ရှိ​ရာ ထို​နတ်​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​သည် နွား လား​များ​နှင့်​ပန်း​ကုံး​များ​ကို​မြို့​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​၏။ သူ​နှင့်​တ​ကွ​လူ​ပ​ရိ​သတ်​တို့ သည် တ​မန်​တော်​တို့​အား​ယဇ်​ပူ​ဇော်​ပ​သ​လို ကြ​၏။

14. ထို​သို့​ပူ​ဇော်​ပ​သ​မည့်​အ​ကြောင်း​ကို​ဗာ​န​ဗ နှင့်​ပေါ​လု​တို့​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​၏ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လူ​တို့​ထံ​သို့​ပြေး သွား​ပြီး​လျှင်၊-

15. အ​ချင်း​လူ​တို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ သို့​ပြု​ကြ​သ​နည်း။ ငါ​တို့​သည်​လည်း​သင်​တို့​ကဲ့ သို့​ပင်​လူ​သာ​မန်​များ​သာ​ဖြစ်​ကြ​၏။ သင်​တို့ သည်​ဤ​သို့​အ​ကျိုး​မ​ရှိ​သည့်​အ​မှု​အ​ရာ​များ ကို​စွန့်​ပစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​အား​ဆည်း​ကပ်​ကြ​စေ​ရန် ငါ​တို့​သည် သင်​တို့​အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ရောက်​ရှိ​လာ​ကြ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​မိုး​မြေ​ကို​လည်း​ကောင်း ပင်​လယ်​နှင့်​အ​ရပ်​ခပ်​သိမ်း​တွင်​ရှိ​လေ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​ကောင်း​ဖန်​ဆင်း​တော် မူ​၏။-

16. လွန်​ခဲ့​သော​ခေတ်​ကာ​လ​များ​က​ကိုယ်​တော် သည်​လူ​မျိုး​တ​ကာ​တို့​အား မိ​မိ​တို့​အ​လို ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​ကျင့်​ခွင့်​ကို​ပေး​တော် မူ​ခဲ့​၏။-

17. သို့​ရာ​တွင်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​သက် သေ​ခံ​အ​ထောက်​အ​ထား​များ​ဖြင့် လူ​တို့​အား အ​စဉ်​ပင်​ပြ​သ​တော်​မူ​၏။ ကိုယ်​တော်​သည် ကောင်း​ကင်​မှ​မိုး​ကို​ရွာ​စေ​လျက်​အ​ချိန်​တန် လျှင် သီး​နှံ​များ​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။ သင် တို့​အား​အ​စာ​အာ​ဟာ​ရ​ကျွေး​မွေး​၍​စိတ် ရွှင်​လန်း​ဝမ်း​မြောက်​စေ​တော်​မူ​၏'' ဟု​ကြွေး ကြော်​လေ​သည်။-

18. ဤ​သို့​တ​မန်​တော်​တို့​ကြွေး​ကြော်​ကြ​သော် လည်း လူ​တို့​ယဇ်​ပူ​ဇော်​ရန်​ကြိုး​စား​မှု​ကို​မူ ဆီး​တား​၍​မ​ရ​ချေ။

19. သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​အ​ချို့​သည်​အန္တိ အုတ်​မြို့​နှင့်​ဣ​ကော​နိ​မြို့​တို့​မှ​ရောက်​လာ​ကြ ပြီး​လျှင် လူ​ပ​ရိ​သတ်​တို့​ကို​မိ​မိ​တို့​ဘက်​သို့ ပါ​အောင်​ဆွဲ​ဆောင်​ကြ​၏။ ထို​နောက်​ပေါ​လု​ကို ခဲ​ဖြင့်​ပေါက်​၍ သေ​လု​ပြီ​ဟု​ထင်​သ​ဖြင့်​မြို့ ပြင်​သို့​ဆွဲ​ထုတ်​သွား​ကြ​၏။-

20. သို့​သော်​မိ​မိ​၏​ပတ်​လည်​တွင်​တ​ပည့်​တော်​တို့ ရောက်​လာ​ကြ​သော​အ​ခါ ပေါ​လု​သည်​ထ​၍​မြို့ ထဲ​သို့​ဝင်​လေ​၏။ နောက်​တစ်​နေ့​၌​ပေါ​လု​နှင့် ဗာ​န​ဗ​သည်​ဒေ​ရ​ဗေ​မြို့​သို့​ထွက်​ခွာ​သွား ကြ​၏။

21. ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ဒေ​ရ​ဗေ​မြို့​တွင် သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​သ​ဖြင့် လူ​အ​မြောက်​အ​မြား​တ​ပည့်​တော်​များ​ဖြစ် လာ​ကြ​၏။ ထို​နောက်​လုတ္တ​ရ​မြို့၊ ဣ​ကော​နိ မြို့​နှင့်​ပိ​သိ​ဒိ​ပြည်​အန္တိ​အုတ်​မြို့​သို့​ပြန် ကြ​၏။-

22. ``ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​ရန် ဒုက္ခ​ဆင်း​ရဲ​များ​စွာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဟော​ပြော​သွန်​သင်​ကာ​တ​ပည့်​တော်​တို့ အား​ကြံ့​ခိုင်​စေ​ကြ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း ခိုင်​မြဲ​စေ​ရန်​အား​ပေး​နှိုး​ဆော်​ကြ​၏။-

23. ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​အ​သင်း​တော်​တိုင်း ၌ အ​သင်း​တော်​လူ​ကြီး​များ​ကို​ခန့်​ထား​ကြ​၏။ ထို​နောက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍​အ​စာ​ရှောင် ပြီး​လျှင် အ​သင်း​တော်​ဝင်​တို့​ယုံ​ကြည်​ကြ သည့်​သ​ခင်​ဘု​ရား​၏​လက်​တော်​သို့​ထို​သူ တို့​ကို​အပ်​ကြ​၏။-

24. ပေါ​လု​နှင့်​ဗာ​န​ဗ​သည်​ဝိ​သိ​ဒိ​ပြည်​ကို​ဖြတ် သွား​ပြီး​နောက် ပံ​ဖု​လိ​ပြည်​သို့​ရောက်​ကြ​၏။-

တမန်တော်ဝတ္ထု 14