တမန်တော်ဝတ္ထု 13:42-45 Common Language Bible (BCL)

42. တ​ရား​ဇ​ရပ်​မှ​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ထွက်​ခွာ လာ​ကြ​စဉ် လူ​တို့​က​မိ​မိ​တို့​အား​နောက်​လာ မည့်​ဥ​ပုသ်​နေ့​၌ ဤ​အ​ကြောင်း​အ​ရာ​များ​ကို တစ်​ဖန်​ဟော​ပြော​ရန်​တောင်း​ပန်​ကြ​၏။-

43. တ​ရား​ဇ​ရပ်​မှ​လူ​စု​ကွဲ​သော​အ​ခါ​ယု​ဒ အ​မျိုး​သား​အ​မြောက်​အ​မြား​နှင့် ယု​ဒ​ဘာ​သာ သို့​ကူး​ပြောင်း​လာ​သူ​အ​မြောက်​အ​မြား​တို့​သည် ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​၏​နောက်​သို့​လိုက်​ကြ​၏။ တ​မန်​တော်​တို့​က​ထို​သူ​တို့​အား ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​၌​ဆက်​လက်​သက်​ရှင်​ကြ​ရန် အား​ပေး​တိုက်​တွန်း​ကြ​၏။

44. နောက်​ဥ​ပုသ်​နေ့​၌​သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​နာ​ရန် မြို့​လုံး​ကျွတ်​နီး ပါး​လူ​တို့​လာ​ရောက်​ကြ​၏။-

45. သို့​သော်​ယု​ဒ​အ​မျိုး​သား​တို့​သည်​လူ​ပ​ရိ​သတ် ကို​မြင်​သော​အ​ခါ မ​နာ​လို​စိတ်​ရှိ​သ​ဖြင့် ပေါ​လု ဟော​ပြော​သော​စ​ကား​များ​ကို​ငြင်း​ခုံ​ကာ​ပုတ် ခတ်​ပြော​ဆို​ကြ​၏။-

တမန်တော်ဝတ္ထု 13