တမန်တော်ဝတ္ထု 13:34-35-40-41 Common Language Bible (BCL)

4. ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​စေ​လွှတ်​တော်​မူ​သည်​အ​တိုင်း သေ​လု​ကိ​မြို့​သို့​သွား​ရောက်​၍​ထို​မြို့​မှ ကု​ပ​ရု​ကျွန်း​သို့​သင်္ဘော​လွှင့်​ကြ​၏။-

34-35. နောက်​တစ်​ဖန်​သင်္ချိုင်း​တွင်​မ​ပုပ်​ပျက်​ဘဲ​သေ​ခြင်း မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​နှင့်​ပတ် သက်​၍​ဘု​ရား​သ​ခင်​က၊`ဒါ​ဝိဒ်​အား​ကောင်း​ချီး​ပေး​ရန်​က​တိ​ပြု​ခဲ့​သည့် နည်း​တူ၊သင်​တို့​အား​လည်း​ယုံ​ကြည်​စိတ်​ချ​ရ​သည့် မြတ်​သော​ကောင်း​ချီး​ပေး​ရန်​ငါ​ပေး​မည်'ဟူ​၍​မိန့်​တော်​မူ​သည်။အ​ခြား​ဆာ​လံ​တွင်၊`ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​စောင့်​သည့် အ​စေ​ခံ​ကိုသင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်'ဟု​ပါ​ရှိ​၏။-

36. ဒါ​ဝိဒ်​သည်​မိ​မိ​အ​သက်​ရှင်​စဉ်​ကာ​လ​၌ ဘု​ရား သ​ခင်​အ​ကြံ​အ​စည်​တော်​ရှိ​သည်​အ​တိုင်း လိုက်​လျှောက်​ဆောင်​ရွက်​ပြီး​နောက်​သေ​လွန်​၍ ဘိုး​ဘေး​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​၏။ သူ​၏​ကိုယ်​ခန္ဓာ​သည်​သင်္ချိုင်း​တွင်​ပုပ် ပျက်​သွား​ရ​၏။-

37. သို့​ရာ​တွင်​သေ​ခြင်း​မှ​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​၏​ကိုယ်​ခန္ဓာ ကား​ထို​သို့​ပုပ်​ပျက်​ခြင်း​မ​ရှိ။-

38-39. ညီ​အစ်​ကို​တို့၊ ထို​အ​ရှင်​ကို​အ​မှီ​ပြု​၍​အ​ပြစ် ပြေ​လွှတ်​ခြင်း​အ​ကြောင်း​ကို သင်​တို့​အား​ငါ ပြော​ကြား​လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထို အ​ရှင်​ကို​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် မော​ရှေ​၏​ပ​ညတ်​တ​ရား​က မ​ဖြေ​မ​လွှတ် နိုင်​သည့်​အ​ပြစ်​ဟူ​သ​မျှ​မှ​ပြေ​လွတ်​နိုင် ကြောင်း​ကို​လည်း​ကောင်း​သိ​မှတ်​ကြ​လော့။-

40-41. ပ​ရော​ဖက်​ကျမ်း​များ​တွင်၊`ငါ​မိန့်​တော်​မူ​သည်​ကို​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့၊ နား​ထောင်​ကြ။ အံ့​သြ​လျက်​သေ​ကြ​လော့။ယ​နေ့​ငါ​ပြု​မည့်​အ​မှု​ကို​သူ​တစ်​ပါး​က ရှင်း​လင်း​ဖော်​ပြ​သော်​လည်း၊သင်​တို့​ယုံ​ကြည်​ကြ​လိမ့်​မည်​မ​ဟုတ်'ဟု​ဖော်​ပြ​ပါ​ရှိ​၏။ ထို​ဖော်​ပြ​ချက်​အ​တိုင်း​မ ဖြစ်​စေ​ရန်​သ​တိ​ပြု​ကြ​လော့'' ဟု​ဟော​ပြော လေ​၏။

တမန်တော်ဝတ္ထု 13