တမန်တော်ဝတ္ထု 12:10-22 Common Language Bible (BCL)

10. သူ​တို့​သည်​ကင်း​နှစ်​တန်​ကို​ကျော်​လွန်​သွား​ပြီး လျှင် ထောင်​အ​ထွက်​သံ​တံ​ခါး​သို့​ရောက်​ကြ​၏။ ထို​တံ​ခါး​သည်​အ​လို​အ​လျောက်​ပွင့်​သ​ဖြင့် သူ​တို့​သည်​ထွက်​၍​လမ်း​အ​တိုင်း​လိုက်​သွား ကြ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ရုတ် တ​ရက်​ပေ​တ​ရု​ထံ​မှ​ထွက်​ခွာ​သွား​လေ​၏။

11. ပေ​တ​ရု​သည်​ပြန်​၍​သ​တိ​ရ​လာ​သော​အ​ခါ ``သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် ကို​စေ​လွှတ်​၍ ငါ့​ကို​ဟေ​ရုဒ်​၏​လက်​မှ​လည်း ကောင်း၊ ယု​ဒ​အ​မျိုး​သား​တို့​ငါ့​အား​သက်​ရောက် စေ​ရန် မျှော်​လင့်​သ​မျှ​သော​ဘေး​မှ​လည်း​ကောင်း ကယ်​ဆယ်​တော်​မူ​သည်​ကို​ယ​ခု​ငါ​သိ​ပြီ'' ဟု ဆို​၏။

12. ဤ​သို့​သိ​ရှိ​လာ​သော​အ​ခါ သူ​သည်​ယော​ဟန် မာ​ကု​၏​အ​မိ​မာ​ရိ​၏​အိမ်​သို့​သွား​၏။ ထို အိမ်​တွင်​လူ​အ​မြောက်​အ​မြား​စု​ဝေး​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။-

13. ပေ​တ​ရု​သည်​အိမ်​တံ​ခါး​ကြီး​ရှိ​တံ​ခါး​ငယ် ကို​ခေါက်​လျှင် ရော​ဒေ​နာ​မည်​ရှိ​သူ​အ​စေ​ခံ​မ က​လေး​သည်​တံ​ခါး​ဖွင့်​ရန်​လာ​၏။-

14. သူ​သည်​ပေ​တ​ရု​၏​အ​သံ​ကို​မှတ်​မိ​သ​ဖြင့် လွန်​စွာ​ဝမ်း​မြောက်​ရ​ကား တံ​ခါး​ကို​မ​ဖွင့်​ဘဲ အိမ်​ထဲ​သို့​ပြေး​ဝင်​ကာ​တံ​ခါး​ဝ​သို့​ပေ​တ​ရု ရောက်​နေ​ကြောင်း​ကို​လူ​တို့​အား​ပြော​၏။-

15. ထို​သူ​တို့​က ``သင်​ရူး​လေ​ပြီ'' ဟု​ဆို​၏။ သို့ သော်​အ​စေ​ခံ​မ​က​လေး​က​မိ​မိ​ပြော​သည့် အ​တိုင်း အ​မှန်​ပင်​ဖြစ်​ကြောင်း​ပြော​နေ​သ​ဖြင့် သူ​တို့​က ``ထို​သူ​သည်​ပေ​တ​ရု​၏​ကိုယ်​စောင့် ကောင်း​ကင်​တ​မန်​ဖြစ်​တန်​ရာ​၏'' ဟု​ဆို​ကြ​၏။

16. ပေ​တ​ရု​သည်​တံ​ခါး​ကို​ခေါက်​မြဲ​ခေါက်​လျက် နေ​သော် သူ​တို့​သည်​တံ​ခါး​ဖွင့်​လိုက်​သော​အ​ခါ ပေ​တ​ရု​ကို​မြင်​သ​ဖြင့်​အံ့​သြ​ကြ​၏။-

17. ပေ​တ​ရု​က​ဆိတ်​ဆိတ်​နေ​ကြ​ရန်​လက်​ရိပ်​ပြ ပြီး​လျှင် မိ​မိ​အား​သ​ခင်​ဘု​ရား​သည်​အ​ဘယ် သို့​ထောင်​ထဲ​မှ​ထုတ်​ဆောင်​လာ​ကြောင်း​ကို​ပြော ပြ​လေ​၏။ ထို​နောက် ``ဤ​အ​ကြောင်း​ကို​ယာ​ကုပ် နှင့်​အ​ခြား​ညီ​အစ်​ကို​တို့​အား​ပြော​ပြ​ကြ​ပါ'' ဟု​မှာ​ကြား​ပြီး​လျှင်​အ​ခြား​အ​ရပ်​သို့​ထွက် ခွာ​သွား​၏။

18. မိုး​လင်း​သော​အ​ခါ ``ပေ​တ​ရု​အ​ဘယ်​မှာ နည်း'' ဟု​ဆို​၍ အ​စောင့်​စစ်​သား​တို့​သည်​လွန် စွာ​ကြောက်​လန့်​တုန်​လှုပ်​ကြ​၏။-

19. ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​ရှာ​စေ​ရာ​မ​တွေ့ သ​ဖြင့် အ​စောင့်​စစ်​သား​တို့​အား​စစ်​ဆေး​မေး မြန်း​၍ သေ​ဒဏ်​ပေး​ရန်​အ​မိန့်​ချ​မှတ်​လိုက်​လေ သည်။ထို​နောက်​ဟေ​ရုဒ်​မင်း​သည် ယု​ဒ​ပြည်​မှ​ထွက်​ခွာ ၍ ကဲ​သ​ရိ​မြို့​တွင်​ကာ​လ​အ​နည်း​ငယ်​စံ​နေ တော်​မူ​၏။

20. ဟေ​ရုဒ်​မင်း​သည်​တု​ရု​မြို့​သား​များ​နှင့် ဇိ​ဒုန် မြို့​သား​တို့​အ​ပေါ်​တွင်​များ​စွာ​အ​မျက်​ထွက် သ​ဖြင့် ထို​မြို့​သား​တို့​သည်​စု​ရုံး​လျက်​မင်း ကြီး​ထံ​သို့​လာ​ရောက်​ကြ​၏။ ဦး​စွာ​ပ​ထ​မ နန်း​တော်​အုပ် ဗ​လတ္တု​၏​အ​ကူ​အ​ညီ​ကို​ရ​ယူ ကြ​၏။ ထို့​နောက်​ဟေ​ရုဒ်​မင်း​ထံ​သို့​ဝင်​၍​ငြိမ်း ချမ်း​ရေး​အ​တွက် စ​ကား​ကမ်း​လှမ်း​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​ပြည်​သည် ဟေ​ရုဒ်​မင်း​၏​ပြည်​ကို​မှီ​ခို​စား​သောက်​ရ သော​ကြောင့်​ဖြစ်​၏။

21. ဟေ​ရုဒ်​မင်း​သည်​ချိန်း​ချက်​ထား​သည့်​နေ့​၌ မင်း မြောက်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​ပြီး​လျှင် ရာ​ဇ ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​လျက် လူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​၏။-

22. ထို​သူ​တို့​က ``ဤ​အ​သံ​သည်​လူ​၏​အ​သံ မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​အ​သံ​ဖြစ်​၏'' ဟု ကြွေး​ကြော်​ကြ​၏။-

တမန်တော်ဝတ္ထု 12