တမန်တော်ဝတ္ထု 12:1-11 Common Language Bible (BCL)

1. ထို​အ​ချိန်​ကာ​လ​၌​ဟေ​ရုဒ်​ဘု​ရင်​သည် အ​သင်း တော်​ဝင်​အ​ချို့​တို့​ကို​နှိပ်​စက်​ညှဉ်း​ပန်း​ရန်​ကြံ​စည် အား​ထုတ်​လေ​၏။-

2. သူ​သည်​ယော​ဟန်​၏​ညီ​အစ်​ကို​ယာ​ကုပ်​ကို​ဋ္ဌား ဖြင့်​ကွပ်​မျက်​စေ​၏။-

3. ထို​အ​မှု​ကို​ယု​ဒ​အ​မျိုး​သား​တို့​နှစ်​သက်​ကြ သ​ဖြင့် သူ​သည်​ပေ​တ​ရု​ကို​လည်း​ဖမ်း​ဆီး​၏။ (ထို​အ​ချိန်​ကား​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​အ​ခါ ဖြစ်​၏။)-

4. ဟေ​ရုဒ်​သည်​ပေ​တ​ရု​ကို​ဖမ်း​ဆီး​ပြီး​နောက် စစ် သား​လေး​ယောက်​စီ​ပါ​သော​တပ်​စု​ငယ်​လေး​စု လက်​သို့​အပ်​ကာ​အ​ကျဉ်း​ချ​ထား​၏။ ပ​သ​ခါ ပွဲ​လွန်​သော​အ​ခါ သူ့​ကို​ယု​ဒ​အ​မျိုး​သား တို့​ရှေ့​တွင်​စစ်​ဆေး​၍​ဒဏ်​စီ​ရင်​ရန်​အ​ကြံ ရှိ​၏။-

5. သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထောင်​ထဲ​မှာ​အ​ကျဉ်း ချ​ထား​ခြင်း​ကို​ခံ​ရ​၏။ သို့​သော်​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည်​ပေ​တ​ရု​၏​အ​တွက် စိတ် အား​ထက်​သန်​စွာ​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။

6. ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​လူ​တို့​ရှေ့​သို့ ခေါ်​ထုတ်​စစ်​ဆေး​မည့်​နေ့​မ​ရောက်​မီ​ည​၌ ပေ​တ​ရု​သည်​စစ်​သား​နှစ်​ယောက်​၏​ကြား​တွင် အိပ်​ပျော်​လျက်​နေ​၏။ သူ့​ကို​သံ​ကြိုး​နှစ်​ချောင်း ဖြင့်​ချည်​နှောင်​ထား​၏။ ထောင်​တံ​ခါး​ရှေ့​တွင်​လည်း အ​စောင့်​တပ်​သား​များ​သည်​စောင့်​ကြပ်​လျက် ရှိ​ကြ​၏။-

7. ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု​အ​နီး​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၍ အ​ချုပ်​ခန်း​သည်​ထွန်း​လင်း​လျက်​နေ​၏။ ကောင်း ကင်​တ​မန်​သည်​ပေ​တ​ရု​၏​ပ​ခုံး​ကို​ပုတ်​၍ ``မြန်​မြန်​ထ​လော့'' ဟု​ဆို​ကာ​နှိုး​၏။ ထို​အ​ခါ သံ​ကြိုး​တို့​သည်​ပေ​တ​ရု​၏​လက်​မှ​ကျွတ် ကျ​၏။-

8. ကောင်း​ကင်​တ​မန်​က ``သင်​၏​ခါး​ပန်း​ကို​စည်း​၍ ဖိ​နပ်​ကို​စီး​လော့'' ဟု​ဆို​၏။ ပေ​တ​ရု​သည်​ထို သို့​ဆို​သည့်​အ​တိုင်း​ပြု​၏။ ထို​နောက်​ကောင်း​ကင် တ​မန်​က ``ဝတ်​လုံ​ကို​ခြုံ​၍​ငါ့​နောက်​သို့​လိုက် လော့'' ဟု​ဆို​၏။-

9. ပေ​တ​ရု​သည်​အ​ချုပ်​ခန်း​မှ​ထွက်​၍ ကောင်း​ကင် တ​မန်​၏​နောက်​သို့​လိုက်​လေ​၏။ သူ​သည်​ကောင်း​ကင် တ​မန်​ပြု​သော​အ​မှု​ကို​တ​ကယ်​အ​ဖြစ်​အ​ပျက် ဟူ​၍​မ​သိ။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​လျက်​နေ​သည် ဟူ​၍​သာ​ထင်​မှတ်​၏။-

10. သူ​တို့​သည်​ကင်း​နှစ်​တန်​ကို​ကျော်​လွန်​သွား​ပြီး လျှင် ထောင်​အ​ထွက်​သံ​တံ​ခါး​သို့​ရောက်​ကြ​၏။ ထို​တံ​ခါး​သည်​အ​လို​အ​လျောက်​ပွင့်​သ​ဖြင့် သူ​တို့​သည်​ထွက်​၍​လမ်း​အ​တိုင်း​လိုက်​သွား ကြ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ရုတ် တ​ရက်​ပေ​တ​ရု​ထံ​မှ​ထွက်​ခွာ​သွား​လေ​၏။

11. ပေ​တ​ရု​သည်​ပြန်​၍​သ​တိ​ရ​လာ​သော​အ​ခါ ``သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် ကို​စေ​လွှတ်​၍ ငါ့​ကို​ဟေ​ရုဒ်​၏​လက်​မှ​လည်း ကောင်း၊ ယု​ဒ​အ​မျိုး​သား​တို့​ငါ့​အား​သက်​ရောက် စေ​ရန် မျှော်​လင့်​သ​မျှ​သော​ဘေး​မှ​လည်း​ကောင်း ကယ်​ဆယ်​တော်​မူ​သည်​ကို​ယ​ခု​ငါ​သိ​ပြီ'' ဟု ဆို​၏။

တမန်တော်ဝတ္ထု 12