9. ထိုနောက်ကောင်းကင်အသံတော်က`ဘုရားသခင် သန့်စင်သည်ဟုဆိုသည့်အရာကို သင်သည်ညစ် ညမ်းသည်ဟုမဆိုရ' ဟူ၍မိန့်တော်မူ၏။-
10. ဤသို့သုံးကြိမ်တိုင်တိုင်ဖြစ်ပျက်ပြီးနောက် ထိုအရာခပ်သိမ်းတို့ကိုမိုးကောင်းကင်သို့ ပြန်လည်ရုပ်သိမ်းသွားလေ၏။-
11. ထိုနောက်ငါရှိရာအိမ်သို့လူသုံးယောက် ရုတ်တရက်ရောက်ရှိလာ၏။ သူတို့သည် ကဲသရိမြို့မှငါ့ထံသို့စေလွှတ်လိုက် သူများဖြစ်၏။-
12. ဝိညာဉ်တော်ကထိုသူတို့နှင့်အတူမဆိုင်း မတွလိုက်သွားရန် ငါ့အားအမိန့်ရှိတော်မူ၏။ ယုပ္ပေမြို့မှညီအစ်ကိုခြောက်ယောက်တို့သည်လည်း ငါနှင့်အတူလိုက်ခဲ့ကြ၏။ ငါတို့အားလုံး ပင်ကော်နေလိ၏အိမ်သို့ဝင်ကြ၏။-
13. ကော်နေလိကမိမိ၏အိမ်တွင်ကောင်းကင် တမန်တစ်ပါးရပ်လျက်`ယုပ္ပေမြို့သို့လူလွှတ် ၍ရှိမုန်ပေတရုဟုခေါ်သောသူကိုပင့် ဖိတ်လော့။-
14. ထိုသူသည်သင်နှင့်အိမ်သူအိမ်သားများအား ကယ်တင်ခြင်းရရာရကြောင်းတရားစကား များကိုဟောပြောလိမ့်မည်' ဟူ၍မြွက်ဆို ကြောင်းကိုငါတို့အားပြောကြ၏။-