3. သူတို့က ``သင်သည်အရေဖျားလှီးမင်္ဂလာ ကို မခံမယူသူလူမျိုးခြားများထံလည် ပတ်၍ သူတို့နှင့်အတူစားသောက်ပါသည် တကား'' ဟုဆိုကြ၏။-
4. သို့ဖြစ်၍ပေတရုသည်သူတို့အား ဖြစ်ပျက် ခဲ့သမျှသောအကြောင်းအရာတို့ကိုအစ မှအဆုံးတိုင်အောင်ရှင်းလင်းပြောပြ၏။
5. ပေတရုက ``ငါသည်ယုပ္ပေမြို့တွင်ဆုတောင်း ပတ္ထနာပြုလျက်နေစဉ် ဗျာဒိတ်ရူပါရုံကို မြင်ရ၏။ ရွက်ထည်ကြီးနှင့်တူသောအရာ တစ်ခုကိုထောင့်လေးထောင့်မှကိုင်၍ မိုး ကောင်းကင်မှချပေးသည်ကိုမြင်ရ၏။-
6. ထိုအရာသည်ငါ့အနီးသို့ရောက်ရှိလာ၏။ သေချာစွာကြည့်ရှုလိုက်သောအခါခြေလေး ချောင်းသတ္တဝါများ၊ သားရဲများ၊ တွားတတ် သောသတ္တဝါများနှင့်ကောင်းကင်ငှက်များ ကိုမြင်ရ၏။-
7. ထိုနောက် `ပေတရုထလော့၊ သတ်စားလော့' ဟု ဆိုသောအသံကိုငါကြားရ၏။-
8. သို့ရာတွင်ငါက `သခင်ဘုရား၊ အဘယ်နည်း နှင့်မျှမဖြစ်နိုင်ပါ။ အကျွန်ုပ်သည်ညစ်ညမ်း သောအရာ၊ သို့မဟုတ်မသန့်စင်သောအရာ ကိုအဘယ်အခါ၌မျှမစားဘူးပါ' ဟု ပြန်၍လျှောက်၏။-
9. ထိုနောက်ကောင်းကင်အသံတော်က`ဘုရားသခင် သန့်စင်သည်ဟုဆိုသည့်အရာကို သင်သည်ညစ် ညမ်းသည်ဟုမဆိုရ' ဟူ၍မိန့်တော်မူ၏။-
10. ဤသို့သုံးကြိမ်တိုင်တိုင်ဖြစ်ပျက်ပြီးနောက် ထိုအရာခပ်သိမ်းတို့ကိုမိုးကောင်းကင်သို့ ပြန်လည်ရုပ်သိမ်းသွားလေ၏။-
11. ထိုနောက်ငါရှိရာအိမ်သို့လူသုံးယောက် ရုတ်တရက်ရောက်ရှိလာ၏။ သူတို့သည် ကဲသရိမြို့မှငါ့ထံသို့စေလွှတ်လိုက် သူများဖြစ်၏။-
12. ဝိညာဉ်တော်ကထိုသူတို့နှင့်အတူမဆိုင်း မတွလိုက်သွားရန် ငါ့အားအမိန့်ရှိတော်မူ၏။ ယုပ္ပေမြို့မှညီအစ်ကိုခြောက်ယောက်တို့သည်လည်း ငါနှင့်အတူလိုက်ခဲ့ကြ၏။ ငါတို့အားလုံး ပင်ကော်နေလိ၏အိမ်သို့ဝင်ကြ၏။-
13. ကော်နေလိကမိမိ၏အိမ်တွင်ကောင်းကင် တမန်တစ်ပါးရပ်လျက်`ယုပ္ပေမြို့သို့လူလွှတ် ၍ရှိမုန်ပေတရုဟုခေါ်သောသူကိုပင့် ဖိတ်လော့။-
14. ထိုသူသည်သင်နှင့်အိမ်သူအိမ်သားများအား ကယ်တင်ခြင်းရရာရကြောင်းတရားစကား များကိုဟောပြောလိမ့်မည်' ဟူ၍မြွက်ဆို ကြောင်းကိုငါတို့အားပြောကြ၏။-
15. ထိုနောက်ငါသည်စ၍စကားပြောသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည်အထက်ကငါ တို့အပေါ်သို့သက်ရောက်တော်မူသည်နည်းတူ ထိုသူတို့အပေါ်သို့လည်းသက်ရောက်တော် မူ၏။-