16. ထိုအခါ `ယောဟန်သည်ရေဖြင့်ဗတ္တိဇံမင်္ဂလာ ကိုပေး၏။ သို့ရာတွင်သင်တို့သည်သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်ဗတ္တိဇံမင်္ဂလာခံရကြလိမ့် မည်' ဟူသောသခင်ဘုရား၏စကားတော် ကိုငါသည်ပြန်၍သတိရ၏။-
17. ဘုရားသခင်သည်သခင်ယေရှုကိုယုံကြည်သူ ငါတို့အားပေးသနားတော်မူသောဆုကျေးဇူး ကို ထိုလူမျိုးခြားတို့အားလည်းပေးတော်မူ ကြောင်းထင်ရှား၏။ သို့ဖြစ်၍ငါသည်အဘယ် သို့သောသူဖြစ်၍ဘုရားသခင်ကိုဆီးတား နိုင်ပါမည်နည်း'' ဟုဆို၏။
18. ထိုစကားကိုကြားသောအခါ ထိုသူတို့သည် ပြစ်တင်ဝေဖန်မှုကိုမပြုကြတော့ဘဲ ``ဘုရား သခင်သည်လူမျိုးခြားတို့အားလည်း နောင်တရ ၍အသက်ရှင်ခွင့်ကိုပေးတော်မူပါသည်တကား'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။
19. သခင်ယေရှုကိုယုံကြည်သူတို့သည် သတေဖန် အသတ်ခံရချိန်၌ဖြစ်ပေါ်လာသောနှိပ်စက် ညှဉ်းဆဲမှုကြောင့် အရပ်ရပ်သို့ကွဲလွင့်သွား ကြ၏။ ထိုသူအချို့တို့သည်ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့သို့တိုင်အောင် ရောက်ရှိကြ၏။ သူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုယုဒအမျိုး သားတို့အားသာဟောပြောကြ၏။-
20. သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။-
21. သူတို့သည်သခင်ဘုရား၏တန်ခိုးတော် ကိုခံယူရသဖြင့် လူအမြောက်အမြား ပင်ယုံကြည်၍သခင်ဘုရားထံပြောင်းလဲ လာကြ၏။
22. ဤသတင်းကိုယေရုရှလင်မြို့ရှိအသင်း တော်ကြားလျှင် ဗာနဗအားအန္တိအုတ်မြို့ သို့စေလွှတ်ကြ၏။-
23. သူသည်ထိုမြို့သို့ရောက်၍လူတို့အား ဘုရား သခင်အဘယ်သို့ကောင်းချီးပေးတော်မူသည် ကိုမြင်သောအခါ ရွှင်လန်းဝမ်းမြောက်သဖြင့် သခင်ဘုရားအားစိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစား၍ သစ္စာစောင့်ကြရန်တိုက် တွန်းနှိုးဆော်လေသည်။-
24. ဗာနဗသည်သူတော်ကောင်းဖြစ်၍သန့်ရှင်း သောဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည် ခြင်းနှင့်လည်းကောင်းပြည့်ဝသဖြင့်များစွာ သောသူတို့အားသခင်ဘုရားကိုယုံကြည် စေ၏။
25. ထိုနောက်ဗာနဗသည်ရှောလုကိုရှာရန် တာရှုမြို့သို့သွား၏။-
26. သူ့ကိုတွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။ သူတို့ နှစ်ဦးသည်တစ်နှစ်ပတ်လုံးအသင်းတော်ဝင်တို့ နှင့်တွေ့ဆုံ၍ များစွာသောလူပရိသတ်တို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည်ပထမဆုံး အကြိမ်ခရစ်ယာန်ဟုခေါ်ဝေါ်သမုတ်ခြင်းခံ ကြရသည့်အရပ်မှာအန္တိအုတ်မြို့ဖြစ်သတည်း။
27. ထိုအခါကာလ၌ပရောဖက်အချို့တို့သည် ယေရုရှလင်မြို့မှအန္တိအုတ်မြို့သို့လာကြ၏။-
28. ထိုသူတို့အနက်အာဂဗုနာမည်ရှိသောသူသည် သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ချက်အရ ထ၍ ကမ္ဘာတစ်ဝှမ်းလုံးတွင်အစားအစာငတ် မွတ်ခေါင်းပါးခြင်းဘေးကြီးသင့်လိမ့်မည်ဟု ဟောပြောလေ၏။ (ဧကရာဇ်ဘုရင်ကလောဒိ လက်ထက်၌ အကယ်ပင်ဤသို့ငတ်မွတ်ခေါင်း ပါးခဲ့သတည်း။)-
29. တပည့်တော်တို့သည်အသီးသီးတတ်နိုင်သမျှ အတိုင်း ယုဒပြည်ရှိညီအစ်ကိုများအားကူညီ ထောက်ပံ့ရန်ဆုံးဖြတ်ကြ၏။-
30. ဤသို့ဆုံးဖြတ်ကြပြီးနောက်ထောက်ပံ့ငွေ များကိုဗာနဗနှင့်ရှောလုမှတစ်ဆင့် ယေရု ရှလင်မြို့အသင်းတော်လူကြီးများထံသို့ ပေးပို့ကြ၏။