1. လူမျိုးခြားများသည်လည်းဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုခံယူကြကြောင်း ယုဒပြည်ရှိတမန်တော်များနှင့်ညီအစ်ကို များကြားသိကြ၏။-
2. ယေရုရှလင်မြို့သို့ပေတရုရောက်လာသော အခါ လူမျိုးခြားတို့အားအရေဖျားလှီး မင်္ဂလာပေးခြင်းကိုလိုလား သူတို့သည် ပေတရုနှင့်ဆွေးနွေးငြင်းခုံကြ၏။-
3. သူတို့က ``သင်သည်အရေဖျားလှီးမင်္ဂလာ ကို မခံမယူသူလူမျိုးခြားများထံလည် ပတ်၍ သူတို့နှင့်အတူစားသောက်ပါသည် တကား'' ဟုဆိုကြ၏။-
4. သို့ဖြစ်၍ပေတရုသည်သူတို့အား ဖြစ်ပျက် ခဲ့သမျှသောအကြောင်းအရာတို့ကိုအစ မှအဆုံးတိုင်အောင်ရှင်းလင်းပြောပြ၏။
5. ပေတရုက ``ငါသည်ယုပ္ပေမြို့တွင်ဆုတောင်း ပတ္ထနာပြုလျက်နေစဉ် ဗျာဒိတ်ရူပါရုံကို မြင်ရ၏။ ရွက်ထည်ကြီးနှင့်တူသောအရာ တစ်ခုကိုထောင့်လေးထောင့်မှကိုင်၍ မိုး ကောင်းကင်မှချပေးသည်ကိုမြင်ရ၏။-