9. ထိုသူတို့သည်ခရီးပြုကြရာနောက်တစ်နေ့ ၌ယုပ္ပေမြို့အနီးသို့ရောက်ကြ၏။ မွန်းတည့် ချိန်ခန့်တွင်ပေတရုသည် ဆုတောင်းရန်အိမ် အမိုးပေါ်သို့တက်လေသည်။-
10. သူသည်ဆာလောင်မွတ်သိပ်သဖြင့်အစား အစာကိုတောင့်တ၏။ သူ၏အတွက်အစား အစာများပြင်ဆင်နေကြစဉ်သူသည်ဗျာ ဒိတ်ရူပါရုံကိုမြင်ရလေသည်။-
11. ထိုဗျာဒိတ်ရူပါရုံတွင်မိုးကောင်းကင်ကွဲဟ သည်ကိုလည်းကောင်း၊ ထောင့်လေးထောင့်မှချုပ် ကိုင်ထားသောရွက်ထည်ကြီးနှင့်တူသည့် အရာမြေသို့ကျလာသည်ကိုလည်းကောင်း တွေ့မြင်ရ၏။-
12. ထိုအရာထဲတွင်ခြေလေးချောင်းသတ္တဝါ မျိုး၊ တွားတတ်သည့်သတ္တဝါအမျိုးမျိုးနှင့် ကောင်းကင်ငှက်အမျိုးမျိုးတို့ဖြင့်ပါရှိ၏။-
13. ``ပေတရု၊ ထလော့၊ သတ်၍စားလော့'' ဟူသော အသံကိုသူကြားရ၏။
14. ပေတရုက``အရှင်ဘုရား၊ အဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပါ။ အကျွန်ုပ်သည်ညစ်ညမ်းသောအရာ သို့မဟုတ်မသန့်စင်သည့်အရာကို အဘယ် အခါ၌မျှမစားဘူးပါ'' ဟုလျှောက်၏။
15. ထိုအခါဗျာဒိတ်သံက ``ဘုရားသခင်သန့်စင် သည်ဟုဆိုသည့်အရာကိုသင်ကညစ်ညမ်းသည် ဟုမဆိုရ'' ဟုမိန့်တော်မူ၏။-
16. ဤသို့သုံးကြိမ်တိုင်တိုင်ဖြစ်ပျက်ပြီးနောက် ချက်ချင်းပင်ရွက်ထည်နှင့်တူသောအရာသည် မိုးကောင်းကင်သို့ပြန်လည်ရုပ်သိမ်းခြင်းကို ခံရလေသည်။