46. အဘယ်ကြောင့်ဆိုသော်လူမျိုးခြားတို့သည် ထူးဆန်းသောဘာသာစကားများကိုပြော ၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြသည်ကိုကြားကြသောကြောင့်ဖြစ်၏။ ထိုအခါပေတရုက၊-
47. ``ဤသူတို့သည်ငါတို့ကဲ့သို့ပင်သန့်ရှင်း သောဝိညာဉ်တော်ကိုခံယူရရှိသူများဖြစ် ကြ၏။ သို့ဖြစ်၍အဘယ်သူသည်သူတို့ဗတ္တိ ဇံမင်္ဂလာခံယူမှုကိုတားမြစ်နိုင်သနည်း'' ဟု ဆို၏။-
48. ထိုနောက်ပေတရုသည်ထိုသူတို့အားယေရှု ခရစ်၏နာမတော်ကိုအမှီပြု၍ ဗတ္တိဇံမင်္ဂလာ ခံစေရန်အမိန့်ပေးလေ၏။ ထိုနောက်ပေတရု အားမိမိတို့နှင့်အတူ ရက်အနည်းငယ်နေ ထိုင်ရန်ထိုသူတို့သည်မေတ္တာရပ်ခံကြ၏။