26. သို့ရာတွင်ပေတရုက ``ထလော့၊ ငါကိုယ်တိုင် ပင်လူသာမန်ဖြစ်ပါသည်'' ဟုဆို၍ ကော်နေလိ ကိုအထခိုင်း၏။-
27. ထိုနောက်ကော်နေလိနှင့်အတူစကားပြော လျက်အိမ်ထဲသို့ဝင်သွားသောအခါ လူ အမြောက်အမြားစုဝေးလျက်ရှိသည်ကို တွေ့မြင်ရ၏။-
28. ထိုသူတို့အားပေတရုက ``ယုဒအမျိုးသား သည်လူမျိုးခြားများနှင့်မပေါင်းမသင်းရ ဟူ၍လည်းကောင်း၊ သူတို့၏ထံသို့အလည် အပတ်မသွားရဟူ၍လည်းကောင်း၊ ဘာသာ တရားကတားမြစ်သည်ကိုသင်တို့သိကြ၏။ သို့သော်မည်သူ့ကိုမျှဘာသာရေးထုံးနည်း အရညစ်ညမ်းသူသို့မဟုတ် မသန့်စင်သူ ဟူ၍မခေါ်စေရန် ဘုရားသခင်သည်ငါ့ အားဖော်ပြတော်မူပြီ။-
29. ထို့ကြောင့်ငါ့ကိုသင်ခေါ်ဖိတ်သောအခါ ငါသည်မငြင်းမဆိုဘဲလိုက်လာခဲ့၏။ အဘယ်ကြောင့်ငါ့ကိုခေါ်ဖိတ်ရကြောင်း ပြောကြားပါလော့'' ဟုဆို၏။
30. ကော်နေလိက ``လွန်ခဲ့သောသုံးရက်ကမွန်း လွဲသုံးနာရီ၌ အကျွန်ုပ်သည်အိမ်မှာဆုတောင်း လျက်နေပါ၏။ ထိုအခါတောက်ပြောင်သော အဝတ်ကိုဝတ်ဆင်ထားသူလူတစ်ယောက် သည် အကျွန်ုပ်၏ရှေ့တွင်ရုတ်တရက်ရပ်၍၊-
31. `ကော်နေလိ၊ သင်၏ဆုတောင်းပတ္ထနာကိုဘုရား သခင်ကြားတော်မူပြီ။ သင်၏စွန့်ကြဲပေးကမ်း မှုကိုလည်းသိမှတ်တော်မူပြီ။-
32. သို့ဖြစ်၍ယုပ္ပေမြို့သို့လူလွှတ်၍ရှိမုန်ပေတရု ဟုခေါ်သောသူကိုပင့်လော့။ သူသည်ပင်လယ်ကမ်း အနီးရှိသားရေနယ်သမားရှိမုန်၏အိမ်တွင် တည်းခိုလျက်နေ၏' ဟုမြွက်ဆိုပါ၏။-
33. ထိုကြောင့်အကျွန်ုပ်သည်ချက်ချင်းပင်အရှင် ၏ထံသို့လူလွှတ်ခဲ့ပါသည်။ အရှင်ကြွလာ သည့်အတွက်ကျေးဇူးကြီးလှပါ၏။ ကိုယ်တော် အားဖြင့်ထာဝရဘုရားမိန့်တော်မူသမျှ သောစကားတော်တို့ကိုကြားနာရန် အကျွန်ုပ် တို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်ရှိနေကြပါပြီ'' ဟုပြောဆို၏။
34. ထိုအခါပေတရုက ``အကယ်စင်စစ်ဘုရား သခင်သည်မျက်နှာကြီးငယ်ထောက်တော် မမူကြောင်းကို ယခုငါသိရှိနားလည်လာ ၏။-
35. ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေ၍ အမှန်တရားကိုကျင့်သုံးသူမှန်သမျှအား လူမျိုးခွဲခြားမှုမပြုဘဲနှစ်သက်လက်ခံ တော်မူ၏။-
36. ဣသရေလအမျိုးသားတို့ထံသို့ပေးပို့သော ဘုရား၊ လူခပ်သိမ်းတို့၏အရှင်သခင်ဖြစ်တော် မူသောသခင်ယေရှုခရစ်အားဖြင့် ကြေညာ တော်မူသည့်ရန်ငြိမ်းခြင်းဆိုင်ရာသတင်း ကောင်းကိုသင်တို့သိကြ၏။-
37. ဗတ္တိဇံတရားကိုယောဟန်ဟောပြောပြီးသည့် နောက် ဂါလိလဲပြည်မှအစပြု၍ ယုဒပြည် တစ်လျှောက်လုံးတွင်ဖြစ်ပျက်ခဲ့သည့်အမှု အရာများအကြောင်းကိုလည်းကောင်း၊-
38. နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။-