4. သူတို့သည်စုရုံးလာကြသောအခါကိုယ်တော် က``ယေရုရှလင်မြို့မှထွက်ခွာ၍မသွားကြ နှင့်။ ခမည်းတော်ကတိထားတော်မူသည့်ဆု ကျေးဇူးကိုစောင့်မျှော်လျက်နေကြလော့။ ထို ဆုကျေးဇူးအကြောင်းကိုယခင်ကသင်တို့ အားငါဖော်ပြခဲ့၏။-
5. ယောဟန်သည်ရေဖြင့်ဗတ္တိဇံကိုပေး၏။ သို့ရာ တွင်သင်တို့မူကားရက်အနည်းငယ်အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဗတ္တိဇံကိုခံယူကြ ရလတ္တံ့'' ဟုမိန့်တော်မူ၏။
6. တမန်တော်တို့သည်စုဝေးမိကြသောအခါ ကိုယ်တော်အား``သခင်ဘုရား၊ ဤအချိန်ကား ဣသရေလအမျိုးသားတို့အား မိမိတို့၏ နိုင်ငံကိုကိုယ်တော်ရှင်ပြန်လည်ပေးအပ်မည့် အချိန်ဖြစ်ပါသလော'' ဟုမေးလျှောက်ကြ၏။
7. ကိုယ်တော်က``ခမည်းတော်၏တန်ခိုးအာဏာ အားဖြင့် စီရင်ပြဋ္ဌာန်းထားသည့်အချိန်အခါ ကိုသင်တို့သိပိုင်ခွင့်မရှိ။-
8. သို့ရာတွင်သင်တို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သောအခါ၌ သင်တို့ သည်တန်ခိုးကိုခံယူရရှိကြလိမ့်မည်။ ထို အခါသင်တို့သည်ယေရုရှလင်မြို့၊ ယုဒ ပြည်တစ်ပြည်လုံးနှင့်ရှမာရိပြည်မှစ၍ ကမ္ဘာမြေကြီးအစွန်အဖျားတိုင်အောင် ငါ ၏အကြောင်းကိုသက်သေခံသူများဖြစ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
9. ဤသို့မိန့်တော်မူပြီးနောက်တမန်တော်တို့ ကြည့်လျက်နေကြစဉ် ကိုယ်တော်သည်ကောင်းကင် ဘုံသို့ဆောင်ယူခြင်းကိုခံတော်မူ၏။ ထိုနောက် မိုးတိမ်သည်ကိုယ်တော်ကိုဖုံးကွယ်လေ၏။
10. ဤသို့ကိုယ်တော်တက်ကြွတော်မူစဉ်တမန်တော် တို့သည် မိုးကောင်းကင်သို့အာရုံစိုက်၍ကြည့်နေ ကြ၏။ ထိုအခါဝတ်ဖြူစင်ကြယ်နှင့်လူနှစ်ယောက် သည်ရုတ်တရက်သူတို့အနီးတွင်ပေါ်လာလေ၏။-
11. ထိုသူတို့က ``ဂါလိလဲပြည်သားတို့၊ သင်တို့ သည်အဘယ်ကြောင့်ရပ်၍မိုးကောင်းကင်သို့ မျှော်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ယူဆောင်ခြင်းကိုခံတော် မူသောသခင်ယေရှုသည် အဘယ်သို့ ကောင်းကင်ဘုံသို့တက်ကြွတော်မူသည်ကို သင်တို့မြင်ရကြ၏။ ဤနည်းအတိုင်းပင်ထို အရှင်သည်ပြန်လည်ကြွလာတော်မူလတ္တံ့'' ဟုဆိုကြ၏။
12. ထိုနောက်တမန်တော်တို့သည်သံလွင်နာမည် တွင်သောတောင်မှ ယေရုရှလင်မြို့သို့ပြန်ကြ၏။ သံလွင်တောင်သည်ယေရုရှလင်မြို့နှင့်ခရီး မိုင်ဝက်ခန့်ဝေး၏။-
13. သူတို့သည်မြို့ထဲသို့ဝင်၍ မိမိတို့တည်းခိုရာ အိမ်အထက်ခန်းသို့သွားကြ၏။ ထိုသူတို့ကား ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ယာကုပ်၏ သားယုဒတို့ဖြစ်၏။-
14. သူတို့သည်သခင်ယေရှုနှင့်မယ်တော်ဖြစ်သူ မာရိအပါအဝင်အမျိုးသမီးအချို့တို့ နှင့်လည်းကောင်း၊ ကိုယ်တော်၏ညီတော်များနှင့် လည်းကောင်း မကြာခဏတွေ့ဆုံ၍ဆုတောင်း ပတ္ထနာပြုလျက်နေကြ၏။
15. ရက်အနည်းငယ်ကြာသောအခါတစ်ရာ့နှစ်ဆယ် ခန့်သောတပည့်တော်ညီအစ်ကိုတို့သည်စုဝေး လျက်ရှိကြ၏။ ထိုအချိန်၌ပေတရုသည်ထ၍၊-