17. ယုဒသည်အမှုတော်ဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရသူဖြစ်၍ ငါတို့လူစုတွင် အပါအဝင်ဖြစ်ခဲ့၏။''
18. (သူသည်မိမိဆိုးညစ်ယုတ်မာမှုကြောင့်ရရှိ သည့်ငွေဖြင့်လယ်တစ်ကွက်ကိုဝယ်ပြီးနောက် ထိုလယ်မြေပေါ်တွင်လဲကျသေဆုံးလေသည်။ သူ၏ဝမ်းဗိုက်သည်ပေါက်၍အူများထွက်လာ၏။-
19. ယေရုရှလင်မြို့နေလူအပေါင်းတို့သည် ဤ အဖြစ်အပျက်အကြောင်းကိုကြားသိကြ၏။ သို့ဖြစ်၍ထိုလယ်ကိုမိမိတို့ဘာသာစကား ဖြင့် ``အကေလဒမ'' ဟုခေါ်ဆိုကြ၏။ အကေလ ဒမ၏အနက်ကား``သွေးလယ်'' ဟူ၏။)
20. ဆာလံကျမ်းတွင်၊`သူ၏နေအိမ်သည်လူသူဆိတ်ညံရာဖြစ်ပါစေ၊ထိုအိမ်တွင်အဘယ်သူမျှမနေပါစေနှင့်။ထိုသူ၏ရာထူးကိုလည်းအခြားသူတစ်ဦးယူပါစေ'ဟူ၍ရေးသားပါရှိ၏။
21-22. ``ထို့ကြောင့်သခင်ယေရှုအား ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူကြောင်းကို ငါတို့ နှင့်အတူသက်သေခံရန်လူတစ်ယောက်ကို ရွေးချယ်ရကြမည်။ ထိုသူသည်ယောဟန်၏ ဗတ္တိဇံကိုသခင်ဘုရားခံတော်မူချိန်မှစ ၍ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူချိန်အထိ ငါတို့နှင့်အတူသွားလာနေထိုင် ခဲ့သူတစ်ဦးဖြစ်ရမည်'' ဟုဆို၏။
23. သို့ဖြစ်၍တပည့်တော်တို့သည် လူနှစ်ယောက်မှ တစ်ယောက်ကိုရွေးကောက်ရန်အဆိုပြုကြ၏။ ထိုသူနှစ်ယောက်ကားဗာရှဗ (ခေါ်) ယုတ္တုနာမည် သစ်ကိုရသူယောသပ်နှင့်မဿိတို့ဖြစ်၏။-