1. မိမိ၏မြို့သားများကိုပင်လျှင်ညှင်းပန်း နှိပ်စက်ကာအကျင့်ပျက်ပုန်ကန်တတ်သည့် ယေရုရှလင်မြို့သည်အမင်္ဂလာရှိ၏။-
2. ထိုမြို့သည်ထာဝရဘုရား၏ဗျာဒိတ်တော် ကိုနားမထောင်။ ကိုယ်တော်၏စည်းကမ်းကို မလိုက်နာ။ ကိုယ်တော်ကိုယုံကြည်ကိုးစား မှုမပြု။ ကိုယ်တော်၏ကူမမှုကိုလည်းမ တောင်းခံခဲ့။-
3. ထိုပြည်ကိုအုပ်ချုပ်သောအရာရှိတို့သည် ခြင်္သေ့ငယ်များနှင့်တူကြ၏။ တရားစီရင် သူတို့သည်လည်းလောဘရမက်ကြီးလွန်း သဖြင့် နံနက်ချိန်တိုင်အောင်အရိုးတစ်ချောင်း ကိုမျှမစွန့်ပစ်နိုင်သည့်ဝံပုလွေငယ်များ နှင့်တူကြ၏။-
4. ပရောဖက်တို့သည်တာဝန်မဲ့ပြုလုပ်တတ် သည့်သစ္စာဖောက်များဖြစ်ကြ၏။ ယဇ်ပုရော ဟိတ်တို့ကသန့်ရှင်းရာဌာနတော်ကိုညစ် ညမ်းစေ၍ ဘုရားသခင်၏ပညတ်တရား တော်ကိုမိမိတို့အကျိုးရှိရာရှိကြောင်း လှည့်ကွက်ဆင်၍အနက်အဋ္ဌိပ္ပါယ်ပြန်ဆို ကြ၏။-
5. သို့ရာတွင်ထာဝရဘုရားသည်ထိုမြို့ တွင်ရှိနေတော်မူပါသေး၏။ ကိုယ်တော် သည်တရားသောအမှုကိုသာလျှင်ပြု တော်မူ၍မတရားသည့်အမှုကိုအဘယ် အခါ၌မျှပြုတော်မမူ။ နံနက်တိုင်းမိမိ ၏လူမျိုးတော်အားမလွဲမသွေဖြောင့်မှန် စွာတရားစီရင်တော်မူ၏။ သို့သော်လည်း ထိုအရပ်ရှိလူမသမာတို့သည်မကောင်း မှုကိုဆက်လက်ပြုကျင့်လျက်နေကြပေ သည်။ သူတို့တွင်ရှက်ကြောက်မှုလည်းမရှိ ကြ။
6. ထာဝရဘုရားက``ငါသည်လူမျိုးတကာ ကိုလုံးဝဖျက်ဆီးခဲ့လေပြီ။ သူတို့၏မြို့ များကိုသုတ်သင်ဖျက်ဆီး၍မြို့တံတိုင်း များ၊ ရဲတိုက်များကိုလည်းယိုယွင်းပျက် စီးစေလေပြီ။ မြို့တို့သည်လူသူဆိတ်ငြိမ် လျက်လမ်းတို့သည်လည်းဟာလာဟင်း လင်းဖြစ်လျက်နေကြ၏။ လူတစ်ဦး တစ်ယောက်မျှမရှိကြတော့ပေ။-
7. ထိုစဉ်အခါကငါ၏လူမျိုးတော်သည် ငါ့ကိုကြောက်ရွံ့ရိုသေကာငါပေးသည့် စည်းကမ်းကိုလိုက်နာကြလိမ့်မည်ဟူ၍ လည်းကောင်း၊ ငါ၏သွန်သင်ဆုံးမချက် ကိုအဘယ်အခါ၌မျှမေ့လျော့ကြ လိမ့်မည်မဟုတ်ဟူ၍လည်းကောင်းငါ ထင်မှတ်ခဲ့၏။ သို့ရာတွင်မကြာခဏ သူတို့သည်အကျင့်ဆိုးကိုပြုမြဲပြု လျက်နေကြ၏။
8. ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။
9. ``ထိုအခါငါသည်လူမျိုးအပေါင်းကို ပြုပြင်ပြောင်းလဲစေမည်ဖြစ်၍ သူတို့သည် အခြားဘုရားများကိုမကိုးကွယ်ဘဲ ငါ့ ကိုသာကိုးကွယ်ကြလိမ့်မည်။ သူတို့အား လုံးပင်ငါ၏စကားကိုနားထောင်ကြ လိမ့်မည်။-
10. ပျံ့လွင့်နေသောငါ၏လူမျိုးတော်သည် ဝေးလံသောဆူဒန်ပြည်မှပင်လျှင်ငါ့ထံ သို့ပူဇော်သကာများကိုယူဆောင်လာ ကြလိမ့်မည်။-
11. အို ငါ၏လူမျိုးတော်၊ ထိုအခါသင်တို့ သည်ငါ့ကိုပုန်ကန်ခဲ့သည့်အတွက်ရှက် ကြောက်နေရန်လိုတော့မည်မဟုတ်။ ငါ သည်မာနကြီးသူမောက်မာထောင်လွှား သူမှန်သမျှကိုပယ်ရှင်းမည်ဖြစ်၍ သင် တို့သည်နောက်တစ်ဖန်အဘယ်အခါ၌ မျှယေရုရှလင်မြို့ရှိ ငါ၏သန့်ရှင်းမြင့် မြတ်သည့်တောင်တော်ပေါ်တွင်ငါ့ကိုပုန် ကန်ကြတော့မည်မဟုတ်။-
12. စိတ်နှလုံးနှိမ့်ချနူးညံ့သိမ်မွေ့သည့်လူစု ကိုထိုအရပ်တွင်ငါချန်ထားမည်။ သူတို့ သည်လည်းငါ့ထံသို့လာရောက်ခိုလှုံကြ လိမ့်မည်။-
13. အသက်မသေဘဲကျန်ရှိနေသည့်ဣသ ရေလပြည်သားတို့သည်အဘယ်သူကို မျှပြစ်မှားကြလိမ့်မည်မဟုတ်။ မုသား စကားပြောဆိုမှုကိုသော်လည်းကောင်း၊ လိမ်လည်လှည့်စားရန်ကြိုးစားမှုကိုသော် လည်းကောင်းပြုကြလိမ့်မည်မဟုတ်။ သူ တို့သည်ကောင်းစားကြလိမ့်မည်။ အဘယ် သူကိုမျှမကြောက်မလန့်ရဘဲ ဘေးမဲ့ လုံခြုံစွာနေရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
14. အို ဣသရေလပြည်သားတို့၊ဝမ်းမြောက်စွာ ကြွေးကြော်သီဆိုကြလော့။အို ယေရုရှလင်မြို့သူ၊စိတ်နှလုံးအကြွင်းမဲ့ ရွှင်လန်းဝမ်းမြောက်လော့။