ဇေဖနိ 2:6-9 Common Language Bible (BCL)

6. ပင်​လယ်​အ​နီး​ရှိ သင်​တို့​၏​ပြည်​သည်​သိုး များ​ကျက်​စား​ရာ​ကွင်း​ပြင်​ဖြစ်​၍​နေ လိမ့်​မည်။-

7. အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​ယု​ဒ​ပြည် သား​တို့​သည်​သင်​တို့​ပြည်​ကို​သိမ်း​ယူ​ကြ လိမ့်​မည်။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​သိုး​အုပ် များ​ကို​ထိန်း​ကျောင်း​ကာ​အာ​ရှ​ကေ​လုန် မြို့​ရှိ​နေ​အိမ်​များ​တွင်​အိပ်​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍​သူ​တို့​အား တစ်​ဖန်​ပြန်​ကောင်း​စား​စေ​တော်​မူ​လိမ့်​မည်။

8. အ​န​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က ``မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန်​ပြည် သား​များ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​စော် ကား​ရန်​စ​ကြ​သည်​ကို​လည်း​ကောင်း၊ သူ တို့​၏​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရန်​ကြွား ဝါ​လျက်​နေ​သည်​ကို​လည်း​ကောင်း​ငါ ကြား​သိ​တော်​မူ​လေ​ပြီ။-

9. ငါ​သည်​ဧ​ကန်​အ​မှန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​သည်​အ​တိုင်း မော​ဘ​ပြည်​နှင့် အမ္မုန်​ပြည်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကဲ့​သို့​သုတ်​သင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့် မည်​ဖြစ်​ကြောင်း​ကျိန်​ဆို​ဖော်​ပြ​ပါ​၏။ ထို ပြည်​တို့​သည်​ဆား​မြေ​တူး​ရာ​အ​ရပ်​ဖြစ် လျက် ထာ​ဝ​ရ​ယို​ယွင်း​ပျက်​စီး​ကာ​ပေါင်း ပင်​များ​နှင့်​ဖုံး​လွှမ်း​၍​နေ​လိမ့်​မည်။ ငါ​၏ လူ​မျိုး​တော်​အ​နက်​မှ​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သူ​တို့​သည် ထို​သူ​တို့​ကို​တိုက် ခိုက်​လု​ယက်​ကာ​သူ​တို့​၏​ပြည်​ကို​သိမ်း ယူ​ကြ​လိမ့်​မည်။

ဇေဖနိ 2