ဇေဖနိ 1:9-11 Common Language Bible (BCL)

9. ရုပ်တုကိုးကွယ်သူများကဲ့သို့ပြုကျင့်သူ များအားလည်းကောင်း၊ မိမိတို့သခင်၏အိမ် ကိုဖြည့်တင်းရန် ပစ္စည်းဥစ္စာရရှိရေးအတွက် ခိုးဝှက်သတ်ဖြတ်သူတို့အားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။

10. ထာဝရဘုရားက``ထိုနေ့ရက်ကာလ၌ ယေရုရှလင်မြို့ငါးတံခါးဝ၌အော်ဟစ် သံကိုကြားရကြလိမ့်မည်။ မြို့သစ်ပိုင်း၌ လူတို့ငိုကြွေးသံကိုလည်းကောင်း၊ တောင် ကုန်းများတွင်ကျိုးပဲ့သံကိုလည်းကောင်း ကြားရကြလိမ့်မည်။

11. မြို့အနိမ့်ပိုင်းတွင်နေထိုင်သူတို့ငိုကြွေး ကြလော့။ ကုန်သည်ကြီးများသည်သေဆုံး ကြတော့မည်။

ဇေဖနိ 1