6. ``ဤအမှုအရာများသည်ယခုအခါကျန် ကြွင်းနေသူ ယုဒအမျိုးသားတို့အတွက်ဖြစ် နိုင်ဖွယ်မရှိဟုထင်မှတ်ရသော်လည်း ငါအနန္တ တန်ခိုးရှင်ထာဝရဘုရား၏အတွက်မူကား ဖြစ်နိုင်သည်သာတည်း။-
7. ငါအနန္တတန်ခိုးရှင်ထာဝရဘုရားသည် မိမိလူမျိုးတော်အားသူတို့ရောက်ရှိလေ ရာအရပ်မှကယ်ဆယ်၍၊-
8. ယေရုရှလင်မြို့တွင်နေထိုင်ရန်အရှေ့နှင့် အနောက်အရပ်များမှခေါ်ဆောင်လာမည်။ သူတို့သည်ငါ၏လူမျိုးတော်ဖြစ်လိမ့်မည်။ ငါသည်လည်းသူတို့၏ဘုရားဖြစ်၍သူ တို့အားတရားမျှတစွာသစ္စာနှင့်အုပ်စိုး မည်။
9. ရဲရင့်မှုရှိကြလော့။ ယခုသင်တို့ကြားသိ ကြရသည့်စကားများသည် ငါအနန္တတန်ခိုး ရှင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည် တည်ဆောက်ရန်အုတ်မြစ်ချချိန်၌ပရောဖက် တို့ဟောကြားခဲ့ကြသည့်စကားများပင် ဖြစ်၏။-
10. ထိုအချိန်ကာလမတိုင်မီအခါကအဘယ် သူမျှလူများ၊ တိရစ္ဆာန်များကိုငှားရမ်းစေ ခိုင်းနိုင်စွမ်းမရှိ။ အဘယ်သူမျှလည်းမိမိ တို့ရန်သူများ၏ဘေးမှကင်းလွတ်လုံခြုံမှု မရှိ။ ငါသည်လူမျိုးတစ်ဦးနှင့်တစ်ဦးရန် ဘက်ဖြစ်စေခဲ့၏။-
11. သို့သော်ယခုငါသည်ဤလူမျိုးအကြွင်း အကျန်များနှင့် တစ်မျိုးတစ်ဖုံပြောင်းလဲ ဆက်ဆံမည်။-''