3. ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့်မြို့ တော်ယေရုရှလင်သို့ပြန်လာမည်။ ထိုမြို့ တွင်ကျိန်းဝပ်တော်မူမည်။ ထိုမြို့သည်သစ္စာ ရှိသောမြို့ဟူ၍လည်းကောင်း၊ အနန္တတန်ခိုး ရှင်ထာဝရဘုရား၏တောင်တော်သည်သန့် ရှင်းမြင့်မြတ်သည့်တောင်ဟူ၍လည်းကောင်း နာမည်တွင်လိမ့်မည်။-''
4. ``တောင်ဝှေးကိုစွဲကိုင်၍သွားရကြသည်တိုင် အောင် အိုမင်းသူအမျိုးသားအမျိုးသမီး ကြီးတို့သည် ယေရုရှလင်လမ်းများတွင် ထိုင်လျက်နေကြလိမ့်မည်။-
5. လမ်းများသည်လည်းကစားလျက်နေသူ ကလေးသူငယ်သူငယ်မများနှင့်တစ်ဖန် ပြည့်နှက်၍နေပေလိမ့်ဦးမည်။''
6. ``ဤအမှုအရာများသည်ယခုအခါကျန် ကြွင်းနေသူ ယုဒအမျိုးသားတို့အတွက်ဖြစ် နိုင်ဖွယ်မရှိဟုထင်မှတ်ရသော်လည်း ငါအနန္တ တန်ခိုးရှင်ထာဝရဘုရား၏အတွက်မူကား ဖြစ်နိုင်သည်သာတည်း။-