1. အနန္တတန်ခိုးရှင်ထာဝရဘုရား၏နှုတ် ကပတ်တော်သည် ဇာခရိထံသို့ရောက်လာ ၏။-
2. အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဇိအုန် မြို့သူမြို့သားတို့အပေါ်၌ငါထားရှိသည့် နက်နဲသောမေတ္တာကြောင့်သူတို့၏ရန်သူများ အပေါ်အမျက်ထွက်စေသည့် ငါ၏မေတ္တာကို ထောက်၍ငါသည်ထိုမြို့အားကူမရန် တောင့်တလျက်နေ၏။-
3. ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့်မြို့ တော်ယေရုရှလင်သို့ပြန်လာမည်။ ထိုမြို့ တွင်ကျိန်းဝပ်တော်မူမည်။ ထိုမြို့သည်သစ္စာ ရှိသောမြို့ဟူ၍လည်းကောင်း၊ အနန္တတန်ခိုး ရှင်ထာဝရဘုရား၏တောင်တော်သည်သန့် ရှင်းမြင့်မြတ်သည့်တောင်ဟူ၍လည်းကောင်း နာမည်တွင်လိမ့်မည်။-''
4. ``တောင်ဝှေးကိုစွဲကိုင်၍သွားရကြသည်တိုင် အောင် အိုမင်းသူအမျိုးသားအမျိုးသမီး ကြီးတို့သည် ယေရုရှလင်လမ်းများတွင် ထိုင်လျက်နေကြလိမ့်မည်။-
5. လမ်းများသည်လည်းကစားလျက်နေသူ ကလေးသူငယ်သူငယ်မများနှင့်တစ်ဖန် ပြည့်နှက်၍နေပေလိမ့်ဦးမည်။''
6. ``ဤအမှုအရာများသည်ယခုအခါကျန် ကြွင်းနေသူ ယုဒအမျိုးသားတို့အတွက်ဖြစ် နိုင်ဖွယ်မရှိဟုထင်မှတ်ရသော်လည်း ငါအနန္တ တန်ခိုးရှင်ထာဝရဘုရား၏အတွက်မူကား ဖြစ်နိုင်သည်သာတည်း။-
7. ငါအနန္တတန်ခိုးရှင်ထာဝရဘုရားသည် မိမိလူမျိုးတော်အားသူတို့ရောက်ရှိလေ ရာအရပ်မှကယ်ဆယ်၍၊-
8. ယေရုရှလင်မြို့တွင်နေထိုင်ရန်အရှေ့နှင့် အနောက်အရပ်များမှခေါ်ဆောင်လာမည်။ သူတို့သည်ငါ၏လူမျိုးတော်ဖြစ်လိမ့်မည်။ ငါသည်လည်းသူတို့၏ဘုရားဖြစ်၍သူ တို့အားတရားမျှတစွာသစ္စာနှင့်အုပ်စိုး မည်။
9. ရဲရင့်မှုရှိကြလော့။ ယခုသင်တို့ကြားသိ ကြရသည့်စကားများသည် ငါအနန္တတန်ခိုး ရှင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည် တည်ဆောက်ရန်အုတ်မြစ်ချချိန်၌ပရောဖက် တို့ဟောကြားခဲ့ကြသည့်စကားများပင် ဖြစ်၏။-