1. ဧကရာဇ်ဘုရင်ဒါရိနန်းစံစတုတ္ထနှစ် ခိသလုနာမည်တွင်သော နဝမလ၊ လေး ရက်နေ့၌ထာဝရဘုရားသည်ငါ့အား ဗျာဒိတ်ပေးတော်မူ၏။
2-3. ဗေသလမြို့သားတို့သည်ထာဝရဘုရား ၏ကောင်းချီးမင်္ဂလာကိုတောင်းခံကြရန် လည်းကောင်း``အကျွန်ုပ်တို့သည်ဗိမာန်တော် ပြိုပျက်မှုအတွက် နှစ်ပေါင်းများစွာပြုလုပ် ခဲ့ကြသည့်နည်းတူ အစာရှောင်ခြင်းအား ဖြင့်ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခဏာ ကိုပြရကြပါမည်လော'' ဟုမေးလျှောက် ကြရန်လည်းကောင်း၊ ရှရေဇာနှင့်ရေဂင်္မေ လက်နှင့်သူတို့၏လူတို့အား အနန္တတန်ခိုး ရှင်ထာဝရဘုရား၏ဗိမာန်တော်မှ ယဇ် ပုရောဟိတ်များ၊ ပရောဖက်များထံသို့ စေလွှတ်လိုက်ကြ၏။
4. ငါ့အားထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ကားဤသို့တည်း။-