13. ထိုသူသည်ဗိမာန်တော်ကိုတည်ဆောက်ရမည့် သူ၊ ဘုရင်တို့နှင့်ထိုက်တန်သည့်ဘုန်းအသရေ ကိုခံယူရရှိမည့်သူဖြစ်သဖြင့် မိမိ၏အမျိုး သားတို့ကိုအုပ်စိုးရလိမ့်မည်။ သူ၏ရာဇပလ္လင် အနီးတွင်ယဇ်ပုရောဟိတ်တစ်ပါးသည်ရပ် လျက်သူနှင့်အတူငြိမ်းချမ်းသင့်မြတ်စွာ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မည်။-
14. ထိုသရဖူသည်လည်းထာဝရဘုရား၏ ဗိမာန်တော်တွင်ဟေလဒဲ၊ တောဘိယ၊ ယေ ဒါယနှင့်ယောရှိတို့အား ဂုဏ်ပြုချီးမြှင့် ရာအထိမ်းအမှတ်လက္ခဏာတစ်ရပ်ဖြစ် လိမ့်မည်'' ဟုမိန့်တော်မူ၏။
15. ရပ်ဝေးဒေသတွင်နေထိုင်ကြကုန်သော လူတို့သည်လာ၍ ထာဝရဘုရား၏ဗိမာန် ကိုပြန်လည်တည်ဆောက်ရာတွင်ကူညီဆောင် ရွက်ကြလိမ့်မည်။ ထိုဗိမာန်တော်ကိုပြန်လည် တည်ဆောက်၍ပြီးသောအခါ သင်တို့သည် မိမိတို့ထံသို့ငါ့အားအနန္တတန်ခိုးရှင် ထာဝရဘုရားစေလွှတ်တော်မူခဲ့ကြောင်း သိရှိကြလိမ့်မည်။ အကယ်၍သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်တို့ကိုတိကျစွာလိုက်နာကြ ပါမူဤအမှုအရာများဖြစ်ပျက်လာ လိမ့်မည်။