1. အခြားဗျာဒိတ်ရူပါရုံတစ်ခုကိုငါမြင်ရ ပြန်၏။ ဤအကြိမ်၌ငါသည်ကြေးဝါတောင် နှစ်ခုကြားမှထွက်လာသောစစ်မြင်းရထား လေးစီးကိုမြင်ရလေသည်။-
2. ပထမစစ်မြင်းရထားတွင်မြင်းနီများ၊ ဒုတိယစစ်မြင်းရထားတွင်မြင်းနက်များ၊-
3. တတိယစစ်မြင်းရထားတွင်မြင်းဖြူများ၊ စတုတ္ထစစ်မြင်းရထားတွင်ပြောက်ကျား မြင်းများကလျက်ရှိ၏။-
4. ထိုနောက်ငါသည်ကောင်းကင်တမန်အား``အရှင်၊ ဤစစ်မြင်းရထားများကားမည်သည့်အနက် ကိုဆောင်ပါသနည်း'' ဟုမေးလျှင်၊
5. ကောင်းကင်တမန်က``ယင်းတို့သည်လေလေးပါး ဖြစ်၏။ ထိုလေတို့သည်ကမ္ဘာမြေပြင်တစ်ခုလုံး ကိုအစိုးရသောအရှင်၏ရှေ့တော်မှောက်မှ ယခုပင်ထွက်လာခဲ့ကြ၏'' ဟုဆိုလေသည်။
6. မြင်းနက်များကသည့်စစ်မြင်းရထားသည် မြောက်အရပ်သို့လည်းကောင်း၊ မြင်းဖြူများ သည်အနောက်ဘက်သို့လည်းကောင်း၊ ပြောက် ကျားမြင်းများသည်တောင်ဘက်အရပ် ဒေသသို့လည်းကောင်းသွားလျက်နေကြ၏။-
7. ပြောက်ကျားမြင်းများသည်ကမ္ဘာမြေပြင် ကိုကြည့်ရှုစစ်ဆေးရန် အလျင်စလိုထွက် လာကြလေသည်။ ကောင်းကင်တမန်က``သူ တို့အားကမ္ဘာမြေပြင်ကိုသွားရောက်ကြည့် ရှုစစ်ဆေးကြလော့'' ဟုဆိုသည့်အတိုင်း သူတို့သည်ထွက်သွားကြ၏။-
8. ထိုနောက်ကောင်းကင်တမန်သည်ငါ့အား၊``မြောက် အရပ်သို့သွားသည့်မြင်းတို့သည်ထာဝရ ဘုရား၏အမျက်တော်ကိုပြေစေကြလေ ပြီ'' ဟုပြော၏။