1. ငါသည်နောက်တစ်ဖန်ကြည့်လိုက်ပြန်သောအခါ လေထဲတွင်ပျံဝဲနေသောစာလိပ်တစ်ခုကိုမြင် ရ၏။-
2. ကောင်းကင်တမန်က``သင်အဘယ်အရာကို မြင်သနည်း'' ဟုမေးလျှင်ငါသည်လည်း``လေ ထဲတွင်ပျံနေသောစာလိပ်တစ်ခုကိုမြင် ပါ၏။ ထိုစာလိပ်သည်အလျားပေသုံးဆယ် အနံတစ်ဆယ့်ငါးပေရှိပါသည်'' ဟုပြန် လည်ဖြေကြား၏။
3. ထိုအခါကောင်းကင်တမန်က``တစ်နိုင်ငံလုံး အပေါ်သို့သက်ရောက်မည့်ကျိန်စာကိုထိုစာ လိပ်တွင်ရေးသားထားပါသည်။ စာလိပ်တစ် မျက်နှာ၌သူခိုးမှန်သမျှတို့သည် ဤနိုင်ငံ မှဖယ်ရှားခြင်းကိုခံရကြလိမ့်မည်ဟူ၍ လည်းကောင်း၊ အခြားတစ်မျက်နှာ၌မူမမှန် မကန်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူအပေါင်း တို့သည်သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြ လိမ့်မည်ဟူ၍လည်းကောင်းဖော်ပြထား ပါသည်။-
4. အနန္တတန်ခိုးရှင်ထာဝရဘုရားကငါသည် ဤကျိန်စာကိုစေလွှတ်လိုက်မည်ဖြစ်၍ယင်း သည်ငါ၏နာမတော်ကိုတိုင်တည်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူမှန်သမျှနှင့်သူခိုးမှန် သမျှတို့၏အိမ်များတွင်ဝင်၍နေလိမ့်မည်။ ထိုအိမ်တို့သည်လည်းကျိန်စာထွက်ခွာသွား သောအခါ ယိုယွင်းပျက်စီးလျက်ကျန်ရစ် ကြလိမ့်မည်'' ဟုဆို၏။