7. တောင်များသဖွယ်ကြီးမားသည့်အခက် အခဲတို့သည်သင်၏ရှေ့မှကွယ်ပျောက်သွား လိမ့်မည်။ သင်သည်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ရလိမ့်မည်။ တိုက်ထောင့်အထွတ် ကျောက်ကိုအပြီးသတ်တပ်ဆင်လိုက်သော အခါ ပြည်သူတို့က`တင့်တယ်လှပါပေသည်၊ တင့်တယ်လှပါပေသည်' ဟုကြွေးကြော် ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။''
8. ထာဝရဘုရားထံတော်မှအခြားနှုတ် ကပတ်တော်တစ်ပါးသည် ငါ၏ထံတော် သို့ရောက်ရှိလာပြန်၏။-
9. ကိုယ်တော်က၊``ဇေရုဗဗေလသည်ဗိမာန် တော်အုတ်မြစ်ကိုချထားပြီးလေပြီ။ သူ သည်ထိုအဆောက်အဦးကိုလက်စသတ် ရပေလိမ့်မည်။ ယင်းသို့လက်စသတ်သော အခါ၌ငါ၏လူမျိုးတော်သည် မိမိတို့ ထံသို့သင့်ကိုစေလွှတ်ခဲ့သူမှာ အနန္တတန်ခိုး ရှင်ငါထာဝရဘုရားပင်ဖြစ်ကြောင်းသိရှိ ကြလိမ့်မည်။-
10. သူသည်ဗိမာန်တော်ဆောက်လုပ်ရာတွင် တိုး တက်မှုနှေးကွေးသည့်အတွက်စိတ်ပျက်ကြ သော်လည်း ဗိမာန်တော်ကိုဇေရုဗဗေလသည် ချိန်ကြိုးကိုင်လျက် ဆက်လက်တည်ဆောက်လျက် နေကြောင်းကိုတွေ့မြင်ရသောအခါ၌မူ ဝမ်းမြောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကောင်းကင်တမန်ကငါ့အား``မီးခွက်ခုနစ် ခုသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုတွေ့ မြင်နိုင်သော ထာဝရဘုရား၏မျက်စိ ခုနစ်လုံးဖြစ်၏'' ဟုပြော၏။