8. သင်တို့အားထိပါးလာသူသည်ငါတန်ဘိုး အထားဆုံးသောအရာကိုထိပါးသူဖြစ် ၏'' ဟုမိန့်တော်မူ၏။ကိုယ်တော်၏လူမျိုးတော်တို့အားတိုက်ခိုက် ချေမှုန်းသူတို့အား ဤကဲ့သို့သတင်းစကား ပြောကြားရန် ငါ့အားအနန္တတန်ခိုးရှင်ထာ ဝရဘုရားသည်စေလွှတ်တော်မူသည်။
9. ``ဤသို့လျှင်ထာဝရဘုရားကိုယ်တော်တိုင် ပင် သင်တို့အားတိုက်ခိုက်တော်မူလိမ့်မည်။ အခါ တစ်ပါးကသင်တို့၏အစေအပါးကိုခံခဲ့ ရကြသူတို့သည် သင်တို့ကိုလုယက်တိုက်ခိုက် ကြလတ္တံ့'' ဟူသောဗျာဒိတ်တော်နှင့်အတူငါ့ အားစေလွှတ်တော်မူသတည်း။ဤအမှုအရာများဖြစ်ပျက်လာသောအခါ ငါ့အား အနန္တတန်ခိုးရှင်ထာဝရဘုရားစေ လွှတ်တော်မူလိုက်ကြောင်းကိုလူအပေါင်းတို့ သိရှိကြလိမ့်မည်။
10. ထာဝရဘုရားက``အို ယေရုရှလင်မြို့သူတို့၊ ဝမ်းမြောက်စွာသီချင်းဆိုကြပါလော့။ ငါသည် သင်တို့အလယ်တွင်ကျိန်းဝပ်ရန်ကြွလာတော် မူမည်'' ဟုမိန့်တော်မူ၏။
11. ထိုအခါလူမျိုးပေါင်းမြောက်မြားစွာတို့ သည်ထာဝရဘုရားထံတော်သို့ချဉ်းကပ် ကြလျက် ကိုယ်တော်၏လူမျိုးတော်ဖြစ်လာ ကြလိမ့်မည်။ ကိုယ်တော်သည်သင်တို့အလယ် တွင်ကျိန်းဝပ်တော်မူလိမ့်မည်။ ငါ့အားကိုယ် တော်စေလွှတ်တော်မူလိုက်ကြောင်းကိုလည်း သင်တို့သိကြလိမ့်မည်။-
12. တစ်ဖန်တုံယုဒနယ်သည်သန့်ရှင်းမြင့်မြတ် သည့်ပြည်တော်တွင်ထာဝရဘုရား၏အထူး ပိုင်နက်ဖြစ်လာရလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်းကိုယ်တော်အမြတ်နိုးဆုံးသော မြို့ဖြစ်လိမ့်မည်။
13. လူအပေါင်းတို့ထာဝရဘုရားသည်မိမိ ကျိန်းဝပ်တော်မူရာသန့်ရှင်းမြင့်မြတ်သည့် ဌာနတော်မှကြွလာတော်မူမည်ဖြစ်၍ ကိုယ်တော်၏ရှေ့တော်၌ဆိတ်ငြိမ်စွာနေ ကြလော့။