1. ငါသည်ပေကြိုးကိုကိုင်ထားသည့်လူတစ်ယောက် ကိုအခြားဗျာဒိတ်ရူပါရုံတစ်ခုတွင်တွေ့မြင် ရ၏။-
2. သူ့အား``သင်သည်အဘယ်အရပ်သို့သွားမည် နည်း'' ဟုမေးသောအခါ၊ထိုသူက``ယေရုရှလင်မြို့သို့သွားပါမည်။ ထို မြို့သည်အလျားအနံမည်မျှရှိသည်ကိုတိုင်း ထွား၍ကြည့်ရန်ဖြစ်ပါ၏'' ဟု ပြန်ပြောလေသည်။
3. ထိုနောက်ငါနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်သည်ရှေ့သို့လာသောအခါ အခြားကောင်းကင်တမန်တစ်ပါးကသူ့ထံ သို့လာရောက်နှုတ်ဆက်သည်ကိုငါတွေ့မြင် ရ၏။-
4. ပထမကောင်းကင်တမန်ကသူ့အား``ယေရု ရှလင်မြို့တွင်နေထိုင်ကြသည့်လူသတ္တဝါ တို့သည်အလွန်ပင်များသဖြင့် ထိုမြို့ကို တံတိုင်းကာနိုင်လိမ့်မည်မဟုတ်ကြောင်းပေ ကြိုးကိုင်ထားသူလူငယ်ထံသို့ပြေး၍ပြော ကြားလော့။-
5. ထာဝရဘုရားသည်မိမိကိုယ်တော်တိုင်မြို့ ပတ်လည်တွင် မီးတံတိုင်းအဖြစ်တည်ရှိလျက် ဘုန်းအသရေတော်အပေါင်းနှင့်တကွ ထိုမြို့ တွင်စံနေတော်မူမည်ဖြစ်ကြောင်းကတိထား တော်မူလေပြီ'' ဟုဆို၏။
6. ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်သင်တို့ကိုအရပ်တကာသို့ ကွဲလွင့်စေတော်မူခဲ့၏။-