16. ထိုအခါယေရုရှလင်မြို့ကိုတိုက်ခိုက်ခဲ့ ကြသောလူမျိုးတို့အနက်မှအသက် မသေဘဲ ကျန်ရှိသူလူအပေါင်းတို့သည် အနန္တတန်ခိုးရှင်ထာဝရဘုရား၏အုပ် စိုးမှုကိုဝန်ခံ၍ ကိုယ်တော်အားရှိခိုး ဝတ်ပြုကြရန်လည်းကောင်း၊ သစ်ခက်တဲ နေပွဲတော်ကိုကျင်းပကြရန်လည်းကောင်း ထိုမြို့သို့နှစ်စဉ်နှစ်တိုင်းလာရောက်ကြ လိမ့်မည်။-
17. အကြင်လူမျိုးသည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏အုပ်စိုးမှုကိုဝန်ခံ၍ ကိုယ်တော်အားရှိခိုးဝတ်ပြုရန်ငြင်းဆန် ၏။ ထိုလူမျိုးတို့၏ပြည်သည်မိုးခေါင် လိမ့်မည်။-
18. အကယ်၍အီဂျစ်အမျိုးသားတို့သည်သစ် ခက်တဲနေပွဲတော်ကိုကျင်းပရန်ငြင်းဆန် ကြပါမူ သူတို့သည်ယင်းသို့ငြင်းဆန်သူ များအတွက်ထာဝရဘုရားစေလွှတ်တော် မူသောအနာရောဂါဘေးနှင့်ကြုံတွေ့ရ လိမ့်မည်။-
19. ဤကားသစ်ခက်တဲနေပွဲတော်ကိုမကျင်း ပခဲ့သော် အီဂျစ်ပြည်နှင့်အခြားနိုင်ငံ အပေါင်းတို့ခံရကြမည့်အပြစ်ဒဏ်ပင် ဖြစ်သတည်း။
20. ထိုအချိန်ကာလ၌မြင်းကကြိုးတန်ဆာ ခေါင်းလောင်းများပေါ်တွင်``ထာဝရဘုရား အားဆက်ကပ်ထားသည်'' ဟူသောစာတမ်း ကိုကမ္ပည်းထိုး၍ထားလိမ့်မည်။ ဗိမာန်တော် တွင်ချက်ပြုတ်သည့်အိုးများသည်ယဇ်ပလ္လင် ရှေ့မှခွက်ဖလားများကဲ့သို့သန့်ရှင်းမြင့် မြတ်ကြလိမ့်မည်။-
21. ယေရုရှလင်မြို့နှင့်ယုဒပြည်တစ်ပြည် လုံးတွင်ရှိသမျှသောအိုးတို့ကိုလည်း သန့်ရှင်းမြင့်မြတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားအားဝတ်ပြုကိုးကွယ် မှုတွင်အသုံးပြုရန်အတွက် သီးသန့်ထား ရှိကြလိမ့်မည်။ ထိုနေ့ရက်ကာလကျ ရောက်လာသောအခါ အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဗိမာန်တော်တွင် အဘယ် သို့သောရောင်းဝယ်သူတစ်ဦးတစ်ယောက် မျှရှိတော့မည်မဟုတ်။ ပရောဖက်ဇာခရိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။