ဇာ​ခ​ရိ 14:10-15 Common Language Bible (BCL)

10. မြောက်​ဘက်​ရှိ​ဂေ​ဘ​မြို့​မှ​သည် တောင်​ဘက်​ရှိ ရိမ္မုန်​မြို့​တိုင်​အောင်​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း ကျင်​မှ မြေ​များ​ကို​ညီ​ညာ​အောင်​ညှိ​ရ​ကြ လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း​ပတ် ဝန်း​ကျင်​မြေ​များ​၏​အ​ထက်​တွင်​မိုး​၍​နေ လိမ့်​မည်။ ဤ​မြို့​သည်​ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် တံ​ခါး​ဟောင်း​ရှိ​ခဲ့​ဖူး​သည့်​မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာန​နေ​လ​ရဲ​တိုက် မှ​သည်​နန်း​တော်​စ​ပျစ်​သီး​နယ်​ရာ​ကျင်း များ​တိုင်​အောင်​လည်း​ကောင်း​တည်​ရှိ​လိမ့်​မည်။-

11. လူ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​မည့်​ဘေး​ဖြင့် ခြိမ်း​ချောက်​မှု​မ​ခံ​ရ​တော့​ဘဲ ထို​အ​ရပ်​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။

12. ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခိုက်​သူ​လူ​မျိုး​အ​ပေါင်း​တို့​အ​ပေါ် သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​အ​နာ​ရော​ဂါ ဘေး​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့ သည်​အ​သက်​ရှင်​လျက်​ရှိ​စဉ်​အ​ခါ​၌​ပင် အ​သား​အ​ရေ​များ​ပုပ်​ပျက်​၍​သွား​လိမ့် မည်။ သူ​တို့​၏​မျက်​စိ​များ​နှင့်​လျှာ​များ သည်​လည်း​ပုပ်​ပျက်​၍​သွား​လိမ့်​မည်။

13. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား အ​လွန်​ရှုပ်​ထွေး​ကြောက်​လန့်​စေ​တော်​မူ​မည် ဖြစ်​၍ လူ​တိုင်း​ပင်​မိ​မိ​တို့​အ​နီး​တွင်​တွေ့ ရှိ​သူ​တို့​ကို​ဖမ်း​ဆီး​တိုက်​ခိုက်​ကြ​လိမ့်​မည်။-

14. ယု​ဒ​ပြည်​သူ​တို့​က​မူ​ယေ​ရု​ရှ​လင်​မြို့ အ​တွက် ခု​ခံ​ကာ​ကွယ်​တိုက်​ခိုက်​ကာ​လူ​မျိုး တ​ကာ​တို့​၏​ဥစ္စာ​ဘဏ္ဍာ​များ​ဖြစ်​သော ရွှေ ငွေ​အ​ဝတ်​အ​စား​အ​မြောက်​အ​မြား​ကို တိုက်​ရာ​ပါ​ပစ္စည်း​အ​ဖြစ်​သိမ်း​ယူ​ကြ​လိမ့် မည်။

15. ရန်​သူ​တပ်​စ​ခန်း​မှ​မြင်း၊ ကု​လား​အုတ်၊ မြည်း အ​စ​ရှိ​သည့်​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​အ​ပေါ် သို့​လည်း ကြောက်​မက်​ဖွယ်​ကောင်း​သည့်​အ​နာ ရော​ဂါ​ဘေး​ကျ​ရောက်​လိမ့်​မည်။

ဇာ​ခ​ရိ 14