1. ထာဝရဘုရားအရေးယူဆောင်ရွက်တော်မူ မည့်နေ့ရက်ကာလကျရောက်လာလိမ့်မည်။ ထို အခါယေရုရှလင်မြို့သည်တိုက်ခိုက်လုယက် ခြင်းကိုခံရလျက် လူတို့၏တိုက်ရာပါပစ္စည်း များကိုသင်တို့မျက်မှောက်၌ပင်ခွဲဝေယူ ကြလိမ့်မည်။-
2. ယေရုရှလင်မြို့ကိုစစ်ဆင်ရန်ထာဝရ ဘုရားသည် လူမျိုးတကာတို့အားစုရုံး ခေါ်ဆောင်ကာလာတော်မူလိမ့်မည်။ ထိုမြို့ သည်အသိမ်းခံရလိမ့်မည်။ အိမ်များသည် အလုခံရလျက်အမျိုးသမီးများသည် လည်း မတော်မတရားပြုကျင့်ခြင်းကိုခံရ ကြလိမ့်မည်။ လူဦးရေထက်ဝက်မျှပြည်နှင် ဒဏ်သင့်ကြမည်ဖြစ်သော်လည်း ကျန်ထက် ဝက်မှာထိုမြို့မှပြောင်းရွှေ့ရကြလိမ့်မည် မဟုတ်။-
3. ထိုနောက်ထာဝရဘုရားသည်အတိတ် ကာလများမှာကဲ့သို့ထွက်ကြွတော်မူ၍ ထိုလူမျိုးတို့အားတိုက်ခိုက်တော်မူလိမ့် မည်။-