ဇာ​ခ​ရိ 12:9-14 Common Language Bible (BCL)

9. ထို​အ​ခါ​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို တိုက် ခိုက်​သည့်​လူ​မျိုး​မှန်​သ​မျှ​တို့​အား​သုတ် သင်​ဖျက်​ဆီး​မည်။

10. ``ငါ​သည်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​က​ရု​ဏာ​ထား​တတ်​သော​သ​ဘော၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​သော​သ​ဘော နှင့်​ပြည့်​ဝ​စေ​မည်။ သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား နှင့်​ထိုး​၍​သတ်​ခဲ့​သူ​ကို​ကြည့်​ပြီး​လျှင် တစ် ဦး​တည်း​သော​သား​၏​အ​တွက်​ငို​ကြွေး​မြည် တမ်း​ဘိ​သ​ကဲ့​သို့ ထို​သူ​၏​အ​တွက်​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​သား​ဦး သေ​ဆုံး​ရ​သူ​များ​ကဲ့​သို့​ဝမ်း​နည်း​ပက် လက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-

11. ထို​အ​ခါ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ငို​ကြွေး မြည်​တမ်း​မှု​သည်​မေ​ဂိဒ္ဒေါ​လွင်​ပြင်​တွင် ဗာ​လ နတ်​ဘုရား​အ​တွက်​ငို​ကြွေး​မြည်​တမ်း​မှု​ကဲ့ သို့​ကြီး​ကျယ်​ပေ​လိမ့်​မည်။-

12. တိုင်း​ပြည်​တွင်း​ရှိ​အိမ်​ထောင်​မိ​သား​စု​များ တစ်​ခု​စီ​ခွဲ​၍ ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်။ ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​သည့်​အိမ်​ထောင် မိ​သား​စု၊ နာ​သန်​မှ​ဆင်း​သက်​သည့်​အိမ် ထောင်​မိ​သား​စု၊-

13. လေ​ဝိ​မှ​ဆင်း​သက်​သည့်​အိမ်​ထောင်​မိ​သား​စု၊ ရှိ​မိ​မှ​ဆင်း​သက်​သည့်​အိမ်​ထောင်​မိ​သား​စု၊-

14. အ​ခြား​အိမ်​ထောင်​မိ​သား​စု​များ​စ​သည် ဖြင့် တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​အိမ်​ထောင် မိ​သား​စု​တို့​သည်​သီး​သန့်​စွာ​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ အိမ်​ထောင်​မိ​သား​စု တစ်​ခု​စီ​၌​လည်း​အ​မျိုး​သား​များ​သီး သန့်၊ အ​မျိုး​သ​မီး​များ​သီး​သန့်​ဖြင့်​ငို ကြွေး​ကြ​လိမ့်​မည်။

ဇာ​ခ​ရိ 12