8. ထိုကာလ၌ယေရုရှလင်မြို့တွင်နေထိုင် သူလူတို့အား ထာဝရဘုရားသည်ကွယ် ကာစောင့်ထိန်းတော်မူလိမ့်မည်။ သို့ဖြစ်၍ သူတို့အနက်အင်အားအချိနဲ့ဆုံးသော သူများပင်လျှင် ဒါဝိဒ်ကဲ့သို့ကြံ့ခိုင်၍ လာလိမ့်မည်။ ဒါဝိဒ်၏သားမြေးများသည် ထာဝရဘုရား၏ကောင်းကင်တမန်ကဲ့ သို့လည်းကောင်း၊ ဘုရားသခင်ကိုယ်တော် တိုင်ကဲ့သို့လည်းကောင်းသူတို့အားဦး စီးခေါင်းဆောင်ပြုလိမ့်မည်။-
9. ထိုအခါငါသည်ယေရုရှလင်မြို့ကို တိုက် ခိုက်သည့်လူမျိုးမှန်သမျှတို့အားသုတ် သင်ဖျက်ဆီးမည်။
10. ``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
11. ထိုအခါ၌ယေရုရှလင်မြို့တွင်ငိုကြွေး မြည်တမ်းမှုသည်မေဂိဒ္ဒေါလွင်ပြင်တွင် ဗာလ နတ်ဘုရားအတွက်ငိုကြွေးမြည်တမ်းမှုကဲ့ သို့ကြီးကျယ်ပေလိမ့်မည်။-
12. တိုင်းပြည်တွင်းရှိအိမ်ထောင်မိသားစုများ တစ်ခုစီခွဲ၍ ငိုကြွေးမြည်တမ်းကြလိမ့် မည်။ ဒါဝိဒ်မင်းမှဆင်းသက်သည့်အိမ်ထောင် မိသားစု၊ နာသန်မှဆင်းသက်သည့်အိမ် ထောင်မိသားစု၊-
13. လေဝိမှဆင်းသက်သည့်အိမ်ထောင်မိသားစု၊ ရှိမိမှဆင်းသက်သည့်အိမ်ထောင်မိသားစု၊-
14. အခြားအိမ်ထောင်မိသားစုများစသည် ဖြင့် တိုင်းပြည်တွင်ရှိသမျှသောအိမ်ထောင် မိသားစုတို့သည်သီးသန့်စွာငိုကြွေး မြည်တမ်းကြလိမ့်မည်။ အိမ်ထောင်မိသားစု တစ်ခုစီ၌လည်းအမျိုးသားများသီး သန့်၊ အမျိုးသမီးများသီးသန့်ဖြင့်ငို ကြွေးကြလိမ့်မည်။