ဇာ​ခ​ရိ 12:1-4 Common Language Bible (BCL)

1. ဤ​ဗျာ​ဒိတ်​တော်​သည်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​၍​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​ပြီး လျှင် လူ​သတ္တဝါ​အား​အ​သက်​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​စပ်​ဆိုင် သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။-

2. ကိုယ်​တော်​က``ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​စေ​မည်။ မြို့ ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့​သည် ထို​စ​ပျစ်​ရည်​ကို​သောက်​၍ သေ​သောက်​ကြူး များ​ကဲ့​သို့​ယိမ်း​ယိုင်​လျက်​နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ တိုက်​ခိုက်​ကြ​သော​အ​ခါ အ​ခြား​ယု​ဒ​မြို့ တို့​သည်​လည်း​အ​ဝိုင်း​ခံ​ရ​ကြ​လိမ့်​မည်။-

3. သို့​ရာ​တွင်​ထို​အ​ချိန်​အ​ခါ​၌​ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို လေး​လံ​သော​ကျောက်​တုံး ကြီး​သ​ဖွယ်​ဖြစ်​စေ​မည်။ ထို​ကျောက်​ကို​ကြိုး စား​၍​ချီ​မ​သည့်​လူ​မျိုး​သည်​အ​နာ​တ​ရ ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သည်​ထို​မြို့​ကို​ဝိုင်း​ဝန်း​တိုက်​ခိုက်​ကြ လိမ့်​မည်။-

4. ထို​အ​ခါ​ငါ​သည်​သူ​တို့​၏​မြင်း​များ​ကို ခြောက်​လှန့်​ကာ​မြင်း​စီး​သူ​ရဲ​အ​ပေါင်း​ကို ရူး​သွတ်​သွား​စေ​မည်'' ``ယု​ဒ​ပြည်​သား တို့​ကို​ငါ​ကြည့်​ရှု​မည်။ ရန်​သူ​တို့​၏​မြင်း များ​ကို​မူ​ကား​မျက်​စိ​ကန်း​စေ​မည်။-

ဇာ​ခ​ရိ 12