ဇာ​ခ​ရိ 11:13-17 Common Language Bible (BCL)

13. ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ထို​ငွေ​များ ကို​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့​ထည့်​လိုက် လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ငါ​သည် မိ​မိ​၏​တန်​ဖိုး​အ​ဖြစ်​သူ​တို့​အ​ကဲ​ဖြတ် သည့်​မြောက်​မြား​လှ​သော​ငွေ​စ​သုံး​ဆယ် ကို​ယူ​၍​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့​ထည့် လိုက်​လေ​သည်။-

14. ထို​နောက်​ငါ​သည်``စည်း​လုံး​ခြင်း'' နာ​မည်​တွင် သော​တောင်​ဝှေး​ကို​ချိုး​ပစ်​လိုက်​၏။ ထို​အ​ခါ ယု​ဒ​ပြည်​နှင့်​ဣ​သ​ရေ​လ​ပြည်​စည်း​လုံး​မှု သည်​ပျက်​ပြား​၍​သွား​လေ​တော့​၏။

15. ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သည်​နောက် တစ်​ကြိမ်​သိုး​ထိန်း​ကဲ့​သို့​ပြု​မူ​ပြန်​ဦး​လော့။ ယ​ခု​အ​ကြိမ်​၌​သိုး​ထိန်း​မိုက်​ကဲ့​သို့​ဖြစ်​၏။-

16. ငါ​သည်​မိ​မိ​၏​သိုး​စု​အ​တွက်​သိုး​ထိန်း​တစ် ဦး​ကို​ခန့်​ထား​ခဲ့​သော်​လည်း သူ​သည်​သေ​ဘေး တွေ့​သည့်​သိုး​များ​ကို​မ​ကူ​ညီ။ ပျောက်​သည့် သိုး​များ​ကို​မ​ရှာ​ဖွေ။ အ​နာ​ရ​သည့်​သိုး​များ ကို​မ​ကု​သ။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သိုး များ​ကို​လည်း​မ​ကျွေး​မွေး။ ယင်း​သို့​ပြု​မည့် အ​စား​သူ​သည်​အ​ဆူ​ဖြိုး​ဆုံး​သော​သိုး​တို့ ၏​အ​သား​ကို​စား​၏။ သူ​တို့​၏​ခွာ​များ​ကို လည်း​ချွတ်​ပစ်​၏။-

17. တန်​ဖိုး​မ​ရှိ​သော​သိုး​ထိန်း​မိုက်​သည်​အ​မင်္ဂ လာ​ရှိ​၏။ သူ​သည်​မိ​မိ​၏​သိုး​စု​ကို​စွန့်​ပစ် ထား​လေ​ပြီ။ စစ်​မက်​ဘေး​ဒဏ်​ကြောင့်​သူ​၏ လက်​ရုံး​နှင့်​ညာ​မျက်​စိ​သည်​ပျက်​ပြုန်း​၍ သွား​လိမ့်​မည်။ သူ့​၏​ညာ​လက်​ရုံး​သည်​ရှုံ့​တွ တွန့်​လိမ်​လျက်၊ ညာ​မျက်​စိ​သည်​လည်း​အလင်း ကွယ်​၍​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဇာ​ခ​ရိ 11