1. အို လေဗနုန်တောင်၊ သင်၏သစ်ကတိုးပင်များသည်မီးသင့်လောင်၍သွားနိုင်ရန်သင်၏တံခါးတို့ကို ဖွင့်ပါလော့။
2. အို ထင်းရှူးပင်တို့ငိုကြွေးမြည်တမ်းကြလော့။သစ်ကတိုးပင်များသည်ပြိုလဲကြလေပြီ။ကြက်သရေဆောင်သည့်ထိုအပင်တို့သည် ပျက်ပြုန်း၍သွားလေပြီ။အို ဗာရှန်ဝက်သစ်ချပင်တို့ငိုကြွေး မြည်တမ်းကြလော့။ထူထပ်သည့်သစ်တောကိုခုတ်လှဲလိုက်ကြ လေပြီ။
3. ဘုရင်မင်းတို့သည်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြ၏။သူတို့၏ဘုန်းအသရေကားကွယ်ပျောက် သွားလေပြီ။ခြင်္သေ့များ၏ဟောက်သံကိုနားထောင် ကြလော့။သူတို့ခိုအောင်းရာယော်ဒန်မြစ်ဝှမ်းရှိ သစ်တောသည်ကားပျက်ပြုန်း၍သွားလေပြီ။