9. ငါကလည်း``အရှင်ဤမြင်းများကား အဘယ်အတွက်ဖြစ်ပါသနည်း'' ဟုမေး လျှင်ကောင်းကင်တမန်က``သူတို့အဘယ်အတွက် ဖြစ်သည်ကိုငါဖော်ပြမည်။-
10. ထာဝရဘုရားသည်ကမ္ဘာမြေကြီးကို ကြည့်ရှုစစ်ဆေးရန် သူတို့ကိုစေလွှတ်တော် မူလိုက်၏'' ဟုပြန်လည်ဖြေကြား၏။
11. မြင်းများကလည်း``အကျွန်ုပ်တို့သည်ကမ္ဘာတစ် ဝှမ်းလုံးသို့သွားရောက်ခဲ့ပြီးပါပြီ။ ကမ္ဘာတစ်ခု လုံးပင်အားကိုးရာမဲ့ဖြစ်ကာနွံနာကျိုးနွံ နေပါသည်'' ဟုအစီရင်ခံကြ၏။
12. ထိုနောက်ကောင်းကင်တမန်က``အို အနန္တတန်ခိုး ရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့နှင့်ယုဒ မြို့တို့အားကိုယ်တော်ရှင်အမျက်ထွက်တော် မူသည်မှာ ယခုအနှစ်ခုနစ်ဆယ်ရှိပါပြီ။ ထိုမြို့အားကရုဏာမပြဘဲအဘယ်မျှ ကြာနေတော်မူပါဦးမည်နည်း'' ဟုလျှောက်၏။
13. ထာဝရဘုရားသည်ကောင်းကင်တမန် အားနှစ်သိမ့်ဖွယ်ရာစကားများကိုမိန့် ကြားတော်မူသဖြင့်၊-
14. ကောင်းကင်တမန်သည်လည်းငါ့အား``အနန္တ တန်ခိုးရှင်ထာဝရဘုရားက`ငါသည်သန့် ရှင်းမြင့်မြတ်သည့်ယေရုရှလင်မြို့တော် ကိုလွန်စွာချစ်မြတ်နိုး၍အကြင်နာ တရားထားရှိပါ၏။-
15. ငါသည်မိမိလူမျိုးတော်အပေါ်သို့သက် ရောက်သည့်အမျက်တော်ကိုထိန်းချုပ်လျက် နေစဉ်၊ ငြိမ်းချမ်းစွာနေထိုင်ရကြသော လူမျိုးအပေါင်းတို့သည် ငါ့လူမျိုးတော် ခံစားရသည့်ဆင်းရဲဒုက္ခကိုပိုမိုကြီး လေးအောင်ပြုကြ၏။ ထိုကြောင့်ငါသည်ထို လူမျိုးတို့အားပြင်းစွာအမျက်ထွက်သဖြင့်၊-
16. ယေရုရှလင်မြို့ကိုကရုဏာပြရန်ပြန် လာခဲ့ပေသည်။ ငါ၏ဗိမာန်တော်ကိုပြန် လည်ထူထောင်ကာယေရုရှလင်မြို့တော် ကိုလည်းပြန်လည်တည်ဆောက်ရကြလိမ့် မည်'' ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။
17. ကောင်းကင်တမန်ကငါ့အား``အနန္တတန်ခိုး ရှင်ထာဝရဘုရားသည်မိမိ၏မြို့တော် များတစ်ဖန်ပြန်လည်စည်ကား၍လာလိမ့် မည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော် သည်တစ်ဖန်ပြန်လည်ကြွလာတော်မူလျက် ယေရုရှလင်မြို့ကိုကူမတော်မူပြီးလျှင် မိမိပိုင်မြို့တော်အဖြစ်သိမ်းယူတော်မူ မည်ဖြစ်ကြောင်းကိုလည်းကောင်းထုတ်ဖော် ကြေညာလော့'' ဟူ၍လည်းမှာကြားခဲ့ လေသည်။
18. ငါသည်အခြားဗျာဒိတ်ရူပါရုံတစ်ခု တွင်နွားဦးချိုလေးခုကိုတွေ့မြင်ရ၏။-
19. ငါသည်မိမိနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်အားထိုဦးချိုများ၏ အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်း၍ကြည့်၏။ထိုကောင်းကင်တမန်က``ထိုဦးချိုတို့သည် ယုဒပြည်သား၊ ဣသရေလပြည်သားနှင့် ယေရုရှလင်မြို့သားတို့အားကွဲလွင့်စေခဲ့ သူကမ္ဘာတန်ခိုးရှင်များကိုသရုပ်ဆောင်ပါ သည်'' ဟုဆို၏။
20. ထိုနောက်ထာဝရဘုရားသည်ငါ့အားတူ များကိုကိုင်ဆောင်ထားသည့်အလုပ်သမား လေးယောက်ကိုပြတော်မူ၏။-
21. ငါကလည်း``ဤသူတို့သည်အဘယ်မှုကို ပြုရန်ရောက်ရှိလာကြပါသနည်း'' ဟုမေး လျှောက်လေလျှင်၊ကိုယ်တော်က``သူတို့သည်ယုဒအမျိုးသား တို့အားကွဲလွင့်စေ၍အကုန်အစင်ဖျက်ဆီး ချေမှုန်းခဲ့သည့်လူမျိုးတို့အား တုန်လှုပ်ချောက် ချားစေ၍ဖြိုခွင်းနှိမ်နင်းရန်ရောက်ရှိလာ ခြင်းဖြစ်၏'' ဟုမိန့်တော်မူ၏။