ဇာ​ခ​ရိ 1:5-18 Common Language Bible (BCL)

5. ``ထို​ပ​ရော​ဖက်​များ​နှင့်​သင်​တို့​၏​ဘိုး ဘေး​များ​ကား​သေ​လွန်​သွား​ကြ​လေ​ပြီ။-

6. ငါ​သည်​မိ​မိ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​၏​ဘိုး​ဘေး​တို့​အား​အ​မိန့်​ပ​ညတ် များ​နှင့်​သ​တိ​ပေး​စ​ကား​များ​ကို​မိန့်​မှာ သ​တိ​ပေး​ခဲ့​၏။ သူ​တို့​သည်​ငါ​၏​စ​ကား​ကို လျစ်​လှူ​ရှု​ခဲ့​ကြ​သ​ဖြင့် ထိုက်​သင့်​သည့် အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ထို​အ​ခါ​သူ တို့​သည်​နောင်​တ​ရ​၍​လာ​ကြ​၏။ အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ စိတ်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း သူ​တို့​အား အ​ပြစ်​နှင့်​အ​လျောက်​ဆုံး​မ​တော်​မူ​ကြောင်း ကို​လည်း​သိ​မှတ်​လာ​ကြ​ကုန်​၏'' ဟု​သူ တို့​အား​ကြား​ပြော​ရန်​မိန့်​မှာ​တော်​မူ​၏။

7. ဧ​က​ရာဇ်​ဘု​ရင်​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ ရှေ ဗတ်​လ​တည်း​ဟူ​သော​ဧ​က​ဒ​သ​မ​လ၊ နှစ် ဆယ့်​လေး​ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည် ညဥ့်​အ​ခါ​ငါ့​အား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု ကို​ပြ​တော်​မူ​၏။-

8. ငါ​သည်​မြင်း​နီ​ကို​စီး​လျက်​နေ​သူ​ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​မြင် ရ​၏။ သူ​သည်​ချိုင့်​ဝှမ်း​ထဲ​တွင်​ရှိ​သော​ကျောက် ပန်း​ပင်​များ​အ​လယ်​တွင်​ရပ်​တန့်​လျက်​နေ​၏။ သူ​၏​နောက်​၌​မူ​မြင်း​နီ၊ မြင်း​ပြောက်​ကြား၊ မြင်း​ဖြူ​စ​သည့်​အ​ခြား​မြင်း​များ​ရှိ​၏။-

9. ငါ​က​လည်း``အ​ရှင်​ဤ​မြင်း​များ​ကား အ​ဘယ်​အ​တွက်​ဖြစ်​ပါ​သ​နည်း'' ဟု​မေး လျှင်ကောင်း​ကင်​တ​မန်​က``သူ​တို့​အ​ဘယ်​အ​တွက် ဖြစ်​သည်​ကို​ငါ​ဖော်​ပြ​မည်။-

10. ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို ကြည့်​ရှု​စစ်​ဆေး​ရန် သူ​တို့​ကို​စေ​လွှတ်​တော် မူ​လိုက်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။

11. မြင်း​များ​က​လည်း``အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​တစ် ဝှမ်း​လုံး​သို့​သွား​ရောက်​ခဲ့​ပြီး​ပါ​ပြီ။ ကမ္ဘာ​တစ်​ခု လုံး​ပင်​အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ​နွံ​နာ​ကျိုး​နွံ နေ​ပါ​သည်'' ဟု​အ​စီ​ရင်​ခံ​ကြ​၏။

12. ထို​နောက်​ကောင်း​ကင်​တ​မန်​က``အို အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ မြို့​တို့​အား​ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော် မူ​သည်​မှာ ယ​ခု​အ​နှစ်​ခု​နစ်​ဆယ်​ရှိ​ပါ​ပြီ။ ထို​မြို့​အား​က​ရု​ဏာ​မ​ပြ​ဘဲ​အ​ဘယ်​မျှ ကြာ​နေ​တော်​မူ​ပါ​ဦး​မည်​နည်း'' ဟု​လျှောက်​၏။

13. ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန် အား​နှစ်​သိမ့်​ဖွယ်​ရာ​စ​ကား​များ​ကို​မိန့် ကြား​တော်​မူ​သဖြင့်၊-

14. ကောင်း​ကင်​တ​မန်​သည်​လည်း​ငါ့​အား``အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​ယေ​ရု​ရှ​လင်​မြို့​တော် ကို​လွန်​စွာ​ချစ်​မြတ်​နိုး​၍​အ​ကြင်​နာ တ​ရား​ထား​ရှိ​ပါ​၏။-

15. ငါ​သည်​မိ​မိ​လူ​မျိုးတော်​အ​ပေါ်​သို့​သက် ရောက်​သည့်​အ​မျက်​တော်​ကို​ထိန်း​ချုပ်​လျက် နေ​စဉ်၊ ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​ကြ​သော လူ​မျိုး​အ​ပေါင်း​တို့​သည် ငါ့​လူ​မျိုး​တော် ခံ​စား​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​ကို​ပို​မို​ကြီး လေး​အောင်​ပြု​ကြ​၏။ ထို​ကြောင့်​ငါ​သည်​ထို လူ​မျိုး​တို့​အား​ပြင်း​စွာ​အ​မျက်​ထွက်​သ​ဖြင့်၊-

16. ယေ​ရု​ရှ​လင်​မြို့​ကို​က​ရု​ဏာ​ပြ​ရန်​ပြန် လာ​ခဲ့​ပေ​သည်။ ငါ​၏​ဗိ​မာန်​တော်​ကို​ပြန် လည်​ထူ​ထောင်​ကာ​ယေ​ရု​ရှ​လင်​မြို့​တော် ကို​လည်း​ပြန်​လည်​တည်​ဆောက်​ရ​ကြ​လိမ့် မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

17. ကောင်း​ကင်​တ​မန်​က​ငါ့​အား``အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​မြို့​တော် များ​တစ်​ဖန်​ပြန်​လည်​စည်​ကား​၍​လာ​လိမ့် မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် သည်​တစ်​ဖန်​ပြန်​လည်​ကြွ​လာ​တော်​မူ​လျက် ယေ​ရု​ရှ​လင်​မြို့​ကို​ကူ​မ​တော်​မူ​ပြီး​လျှင် မိ​မိ​ပိုင်​မြို့​တော်​အ​ဖြစ်​သိမ်း​ယူ​တော်​မူ မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း​ထုတ်​ဖော် ကြေ​ညာ​လော့'' ဟူ​၍​လည်း​မှာ​ကြား​ခဲ့ လေ​သည်။

18. ငါ​သည်​အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု တွင်​နွား​ဦး​ချို​လေး​ခု​ကို​တွေ့​မြင်​ရ​၏။-

ဇာ​ခ​ရိ 1