2. ထာဝရဘုရားကဇာခရိအား``ငါသည်သင် တို့၏ဘိုးဘေးများကိုလွန်စွာအမျက်ထွက် တော်မူခဲ့၏။-
3. သို့ရာတွင်သင်တို့သည်ငါ့ထံသို့ပြန်လာ ကြလော့။ ငါသည်လည်းသင်တို့ထံသို့ကြွ လာတော်မူမည်။-
4. သင်တို့သည်မိမိတို့ဘိုးဘေးများကဲ့သို့ မပြုကြနှင့်။ ရှေးအခါကပရောဖက်များ သည်သူတို့အား ယုတ်မာဆိုးညစ်သည့်အကျင့် များကိုရပ်စဲလိုက်ကြရန်ပြောကြားသော် လည်းသူတို့သည်နားမထောင်ဂရုမစိုက် ကြ'' ဟုမိန့်တော်မူ၏။-
5. ``ထိုပရောဖက်များနှင့်သင်တို့၏ဘိုး ဘေးများကားသေလွန်သွားကြလေပြီ။-
6. ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။
7. ဧကရာဇ်ဘုရင်ဒါရိနန်းစံဒုတိယနှစ်၊ ရှေ ဗတ်လတည်းဟူသောဧကဒသမလ၊ နှစ် ဆယ့်လေးရက်နေ့၌ထာဝရဘုရားသည် ညဥ့်အခါငါ့အားဗျာဒိတ်ရူပါရုံတစ်ခု ကိုပြတော်မူ၏။-