1. ဤဗျာဒိတ်တော်သည်ပေရသိဧကရာဇ်ဘုရင် ဒါရိနန်းစံဒုတိယနှစ်၊ အဋ္ဌမလ၌ပရောဖက် ဇာခရိအားထာဝရဘုရားပေးတော်မူသော နှုတ်ကပတ်တော်ဖြစ်သည်။ ဇာခရိကားဣဒေါ ၏မြေး၊ ဗာရခိ၏သားဖြစ်သတည်း။-
2. ထာဝရဘုရားကဇာခရိအား``ငါသည်သင် တို့၏ဘိုးဘေးများကိုလွန်စွာအမျက်ထွက် တော်မူခဲ့၏။-
3. သို့ရာတွင်သင်တို့သည်ငါ့ထံသို့ပြန်လာ ကြလော့။ ငါသည်လည်းသင်တို့ထံသို့ကြွ လာတော်မူမည်။-