ဇာ​ခ​ရိ 1:1-11 Common Language Bible (BCL)

1. ဤ​ဗျာ​ဒိတ်​တော်​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင် ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ အ​ဋ္ဌ​မ​လ​၌​ပ​ရော​ဖက် ဇာ​ခ​ရိ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော နှုတ်​က​ပတ်​တော်​ဖြစ်​သည်။ ဇာ​ခ​ရိ​ကား​ဣ​ဒေါ ၏​မြေး၊ ဗာ​ရ​ခိ​၏​သား​ဖြစ်​သ​တည်း။-

2. ထာ​ဝ​ရ​ဘု​ရား​က​ဇာ​ခ​ရိ​အား``ငါ​သည်​သင် တို့​၏​ဘိုး​ဘေး​များ​ကို​လွန်​စွာ​အ​မျက်​ထွက် တော်​မူ​ခဲ့​၏။-

3. သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ကြ​လော့။ ငါ​သည်​လည်း​သင်​တို့​ထံ​သို့​ကြွ လာ​တော်​မူ​မည်။-

4. သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ ရှေး​အ​ခါ​က​ပ​ရော​ဖက်​များ သည်​သူ​တို့​အား ယုတ်​မာ​ဆိုး​ညစ်​သည့်​အ​ကျင့် များ​ကို​ရပ်​စဲ​လိုက်​ကြ​ရန်​ပြော​ကြား​သော် လည်း​သူ​တို့​သည်​နား​မ​ထောင်​ဂ​ရု​မ​စိုက် ကြ'' ဟု​မိန့်​တော်​မူ​၏။-

5. ``ထို​ပ​ရော​ဖက်​များ​နှင့်​သင်​တို့​၏​ဘိုး ဘေး​များ​ကား​သေ​လွန်​သွား​ကြ​လေ​ပြီ။-

6. ငါ​သည်​မိ​မိ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​၏​ဘိုး​ဘေး​တို့​အား​အ​မိန့်​ပ​ညတ် များ​နှင့်​သ​တိ​ပေး​စ​ကား​များ​ကို​မိန့်​မှာ သ​တိ​ပေး​ခဲ့​၏။ သူ​တို့​သည်​ငါ​၏​စ​ကား​ကို လျစ်​လှူ​ရှု​ခဲ့​ကြ​သ​ဖြင့် ထိုက်​သင့်​သည့် အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ထို​အ​ခါ​သူ တို့​သည်​နောင်​တ​ရ​၍​လာ​ကြ​၏။ အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ စိတ်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း သူ​တို့​အား အ​ပြစ်​နှင့်​အ​လျောက်​ဆုံး​မ​တော်​မူ​ကြောင်း ကို​လည်း​သိ​မှတ်​လာ​ကြ​ကုန်​၏'' ဟု​သူ တို့​အား​ကြား​ပြော​ရန်​မိန့်​မှာ​တော်​မူ​၏။

7. ဧ​က​ရာဇ်​ဘု​ရင်​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ ရှေ ဗတ်​လ​တည်း​ဟူ​သော​ဧ​က​ဒ​သ​မ​လ၊ နှစ် ဆယ့်​လေး​ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည် ညဥ့်​အ​ခါ​ငါ့​အား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု ကို​ပြ​တော်​မူ​၏။-

8. ငါ​သည်​မြင်း​နီ​ကို​စီး​လျက်​နေ​သူ​ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​မြင် ရ​၏။ သူ​သည်​ချိုင့်​ဝှမ်း​ထဲ​တွင်​ရှိ​သော​ကျောက် ပန်း​ပင်​များ​အ​လယ်​တွင်​ရပ်​တန့်​လျက်​နေ​၏။ သူ​၏​နောက်​၌​မူ​မြင်း​နီ၊ မြင်း​ပြောက်​ကြား၊ မြင်း​ဖြူ​စ​သည့်​အ​ခြား​မြင်း​များ​ရှိ​၏။-

9. ငါ​က​လည်း``အ​ရှင်​ဤ​မြင်း​များ​ကား အ​ဘယ်​အ​တွက်​ဖြစ်​ပါ​သ​နည်း'' ဟု​မေး လျှင်ကောင်း​ကင်​တ​မန်​က``သူ​တို့​အ​ဘယ်​အ​တွက် ဖြစ်​သည်​ကို​ငါ​ဖော်​ပြ​မည်။-

10. ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို ကြည့်​ရှု​စစ်​ဆေး​ရန် သူ​တို့​ကို​စေ​လွှတ်​တော် မူ​လိုက်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။

11. မြင်း​များ​က​လည်း``အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​တစ် ဝှမ်း​လုံး​သို့​သွား​ရောက်​ခဲ့​ပြီး​ပါ​ပြီ။ ကမ္ဘာ​တစ်​ခု လုံး​ပင်​အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ​နွံ​နာ​ကျိုး​နွံ နေ​ပါ​သည်'' ဟု​အ​စီ​ရင်​ခံ​ကြ​၏။

ဇာ​ခ​ရိ 1