6. ဘုန်းတော်နှင့်ဂုဏ်တော်သည်ကိုယ်တော်ကို ခြံရံလျက်ရှိ၏။တန်ခိုးတော်နှင့်ဂုဏ်ကြက်သရေတော်သည် ဗိမာန်တော်၌တည်လျက်ရှိ၏။
7. ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့၊ထာဝရ ဘုရားကို ထောမနာပြုကြလော့။ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး အာနုဘော်တော်ကိုထောမနာပြုကြလော့။
8. ထာဝရဘုရား၏ဘုန်းကြီးသောနာမတော်ကို ထောမနာပြုကြလော့။ပူဇော်သကာကိုယူဆောင်၍ကိုယ်တော်၏ ဗိမာန်တော်ထဲသို့ဝင်ကြလော့။
9. သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ကြွလာ တော်မူသောအခါဦးညွှတ်ပျပ်ဝပ်ကြလော့။ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြလော့။
10. ``ထာဝရဘုရားသည်ရှင်ဘုရင်ဖြစ်တော်မူ၏။ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍လှုပ်ရှား၍မရ နိုင်ရာ။ကိုယ်တော်သည်လူအပေါင်းတို့ကိုဖြောင့်မှန်စွာ တရားစီရင်တော်မူလိမ့်မည်'' ဟူ၍လူမျိုးတကာတို့အားပြောကြားကြလော့။
11. အချင်းကုန်းမြေနှင့်ကောင်းကင်တို့၊ရွှင်လန်း ဝမ်းမြောက်ကြလော့။အချင်းပင်လယ်နှင့်ပင်လယ်ထဲရှိသတ္တဝါအပေါင်းတို့၊အသံကျယ်စွာ ကြွေးကြော်ကြလော့။
12. အချင်းလယ်ပြင်နှင့်လယ်ပြင်တွင်ရှိသမျှ သော အရာတို့၊ရွှင်လန်းဝမ်းမြောက်ကြလော့။တော၌ရှိသောသစ်ပင်တို့သည်ရွှင်လန်း ဝမ်းမြောက်စွာကြွေးကြော်ကြလိမ့်မည်။
13. အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန်ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။