12. အို ထာဝရဘုရား၊ကိုယ်တော်၏ဆုံးမသွန်သင်မှုကိုခံရသော သူ၊တရားတော်နှင့်ဆိုင်၍ကိုယ်တော်၏သွန်သင် မှုကို ခံရသောသူသည်မင်္ဂလာရှိပါ၏။
13. ထိုသူအားသူယုတ်မာတို့ကျစေရန် တွင်းတူး၍မပြီးစီးမီဆိုးရွားသည့်အချိန်ကာလမှ လွတ်ငြိမ်းခွင့်ကိုကိုယ်တော်ပေးတော်မူပါ၏။
14. ထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။
15. တရားရုံးများ၌တရားမျှတစွာစီရင်မှု တစ်ဖန်ရှိလိမ့်မည်။သူတော်ကောင်းအပေါင်းတို့သည်လည်းယင်းတရားမျှတစွာစီရင်မှုကို ထောက်ခံကြလိမ့်မည်။