1. ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာတည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။
2. အို ထာဝရဘုရား၊ကိုယ်တော်ရှင်၏ရာဇပလ္လင်တော်သည်အစအဦးမှ စ၍တည်တံ့ခိုင်မြဲပါ၏။ကိုယ်တော်ရှင်သည်ကပ်ကာလမပေါ်မီကပင်လျှင် ရှိနေတော်မူပါ၏။