5. ညဥ့်အခါတွေ့ရတတ်သောဘေးဥပဒ်များ ကိုသော်လည်းကောင်း၊နေ့အချိန်ပေါ်ပေါက်တတ်သည့်အန္တရာယ်များ ကိုသော်လည်းကောင်း၊
6. မှောင်မိုက်တွင်ကျရောက်တတ်သည့်ကပ်ရောဂါများ ကိုသော်လည်းကောင်း၊နေ့လည်ချိန်၌သေစေတတ်သည့်ဘေးဥပဒ်များ ကိုသော်လည်းကောင်း၊ကြောက်လန့်ရလိမ့်မည်မဟုတ်။
7. သင်၏အနီးတွင်လူတစ်ထောင်၊သင်၏ပတ်လည်တွင်လူတစ်သောင်း ကျဆုံးသော်လည်းသင်၌အထိအခိုက် မရှိရ။
8. သူယုတ်မာတို့အဘယ်သို့အပြစ်ဒဏ်သင့်ကြ သည်ကို သင်သည်ဒိဌမြင်ရလိမ့်မည်။
9. သင်သည်ထာဝရဘုရားအားသင့်ကိုကွယ်ကာသော အရှင်အဖြစ်ဖြင့်လည်းကောင်း၊အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားအားသင်ခိုလှုံသောအရှင်အဖြစ်ဖြင့်လည်းကောင်း လက်ခံသည်ဖြစ်၍
10. သင်သည်ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်၊သင်၏အိမ်အနီးသို့လည်းအဘယ်ဘေးဥပဒ်မျှ ချဉ်းကပ်ရလိမ့်မည်မဟုတ်။
11. သွားလေရာရာ၌သင့်ကိုစောင့်ရှောက်စေရန်ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို တာဝန်ပေးအပ်တော်မူလိမ့်မည်။
12. သူတို့သည်သင်၏ခြေကိုကျောက်နှင့်မထိမခိုက်စေရန်မိမိတို့၏လက်ဖြင့်သင့်အား ချီပင့်ကြလိမ့်မည်။
13. သင်သည်ခြင်္သေ့နှင့်မြွေ၊ကြောက်မက်ဖွယ်ကောင်းသည့်ခြင်္သေ့နှင့်မြွေဆိုးတို့ကိုခြေဖြင့်နင်းရလိမ့် မည်။
14. ဘုရားသခင်က``ငါ့ကိုချစ်သောသူတို့အားငါကယ်မည်။ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဝန်ခံသော သူတို့အားငါကွယ်ကာစောင့်ရှောက်မည်။
15. သူတို့သည်ငါ့ကိုခေါ်သောအခါငါထူးမည်။သူတို့ဒုက္ခရောက်သောအခါသူတို့နှင့်အတူ ငါရှိမည်။ငါသည်သူတို့အားကယ်ဆယ်၍ချီးမြှင့်မည်။
16. သူတို့အားအသက်ရှည်စေ၍ကယ်တင်ခြင်း ကျေးဇူးကိုခံစားစေမည်'' ဟုမိန့်တော်မူ၏။