ဆာ​လံ 9:9-19 Common Language Bible (BCL)

9. ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​စီး​နှိပ်​စက်​ခြင်း ခံ​ရ​သူ​တို့​၏​ခို​လှုံ​ရာ၊ဆင်း​ရဲ​ဒုက္ခ​ရောက်​ချိန်​များ​၌​ဘေး​လွတ်​လုံ​ခြုံ​ရာ ဖြစ်​တော်​မူ​၏။

10. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကို​သိ​ကျွမ်း​သူ​တို့​သည်ကိုယ်​တော်​ရှင်​အား​ယုံ​ကြည်​ကိုး​စား​ကြ​ပါ လိမ့်​မည်။ကိုယ်​တော်​ရှင်​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​သူ မှန်​သ​မျှ​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ။

11. ဇိ​အုန်​မြို့​တော်​တွင်​စိုး​စံ​တော်​မူ​သောထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​သီ​ချင်း​ဆို ကြ​လော့။ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​ကို လူ​မျိုး​တ​ကာ​တို့​အား​ဖော်​ပြ​ကြ​လော့။

12. ထာ​ဝ​ရ​ဘု​ရား​သည်​ဒုက္ခ​ရောက်​သော​သူ​တို့​ကို သ​တိ​ရ​တော်​မူ​၏။သူ​တို့​၏​အော်​ဟစ်​သံ​ကို​မေ့​တော်​မ​မူ။သူ​တို့​အား​မ​တ​ရား​ပြု​သော​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။

13. အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ရန်​သူ​များ​ကြောင့်​ကျွန်​တော်​မျိုး​အ​ဘယ်​မျှ ဆင်း​ရဲ ဒုက္ခ​ခံ​ရ​ကြောင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။အို ထာ​ဝ​ရ​ဘု​ရားကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​ပါ။

14. သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​သည် ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ရှေ့​တွင်​ရပ်​လျက်ကိုယ်​တော်​၏​ဂုဏ်​ကျေး​ဇူး​တော်​အ​ပေါင်း​ကို ဖော်​ပြ​နိုင်​ပါ​လိမ့်​မည်။ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် ကြောင့် ကျွန်​တော်​မျိုး​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​မည်။

15. ဘု​ရား​မဲ့​သူ​တို့​သည်​မိ​မိ​တို့​တူး​သော​ကျင်း ထဲ​သို့ ပြန်​၍​ကျ​ကြ​လေ​ပြီ။မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​တွင်း​၌ ပင်​လျှင် ပြန်​၍​မိ​ကြ​လေ​ပြီ။

16. ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​စွာတ​ရား​စီ​ရင်​တော်​မူ​ခြင်း​အား​ဖြင့်​မိ​မိ​ကိုယ် ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​များ အား​ဖြင့် ပြန်​၍​ကျော့​မိ​ကြ​ကုန်​၏။

17. ထာ​ဝ​ရ​ဘု​ရား​ကို​ပစ်​ပယ်​သူ​အ​ပေါင်း​နှင့်သူ​ယုတ်​မာ​တို့​သည်​သေ​ခြင်း​တွင် လမ်း​ဆုံး​ရ​ကြ​လိမ့်​မည်။

18. ထာ​ဝ​ရ​ဘု​ရား​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကိုအ​စဉ်​အ​မြဲ​မေ့​လျော့​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ဆင်း​ရဲ​သော​သူ​တို့​သည်​လည်း​ထာ​ဝ​စဉ် မျှော်​လင့်​ရာ​မဲ့​ဖြစ်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။

19. အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​အား​လူ​တို့​အာ​ခံ​ရန် ခွင့်​ပြု​တော်​မ​မူ​ပါ​နှင့်။ဘု​ရား​မဲ့​သူ​တို့​အား​ရှေ့​တော်​သို့​ခေါ်​ဆောင်​၍ တ​ရား​စီ​ရင်​တော်​မူ​ပါ။

ဆာ​လံ 9