ဆာ​လံ 89:5-9 Common Language Bible (BCL)

5. ကောင်း​ကင်​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သောအံ့​သြ​ဖွယ်​ရာ​များ​အ​ကြောင်း​ကို​သီ​ချင်း​ဆို ကြ​ပါ​၏။အို ထာ​ဝ​ရ​ဘု​ရား၊သန့်​ရှင်း​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​သီ​ချင်း​ဆို​ကြ​ပါ​၏။

6. အို ထာ​ဝ​ရ​ဘု​ရား၊ကောင်း​ကင်​ဘုံ​တွင်​ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ တူ​ပါ​သ​နည်း။အ​ဘယ်​ကောင်း​ကင်​သား​သည်​ကိုယ်​တော်​ကို တု​ပြိုင်​နိုင်​ပါ​သ​နည်း။

7. ကိုယ်​တော်​ရှင်​သည်​သန့်​ရှင်း​သူ​တို့​၏​ကောင်​စီ​တွင် ရို​သေ​လေး​မြတ်​ခြင်း​ကို​ခံ​ရ​ပါ​၏။သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​လွန်​စွာ ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​၏။

8. အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​ကဲ့​သို့​တန်​ခိုး​ကြီး​မား​သူ မ​ရှိ​ပါ။အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ခပ်​သိမ်း​သော​အ​မှု​တို့​တွင် သစ္စာ​ရှိ​တော်​မူ​ပါ​၏။

9. ကိုယ်​တော်​ရှင်​သည်​လှိုင်း​ကြီး​သည့်​ပင်​လယ်​ကို အ​စိုး​ရ​တော်​မူ​၍ပြင်း​ထန်​သော​လှိုင်း​တံ​ပိုး​တို့​ကို​ငြိမ်း​စေ​တော်​မူ​ပါ။

ဆာ​လံ 89