ဆာ​လံ 89:22-28 Common Language Bible (BCL)

22. သူ​၏​ရန်​သူ​တို့​သည်​သူ့​အ​ပေါ်​တွင်​အ​ဘယ် အ​ခါ​၌​မျှ အ​နိုင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။သူ​ယုတ်​မာ​တို့​သည်​သူ့​ကို​နှိမ်​နင်း​နိုင် လိမ့်​မည်​မ​ဟုတ်။

23. ငါ​သည်​သူ​၏​ရန်​သူ​များ​ကို​ချေ​မှုန်း​ပစ်​မည်။သူ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​အား သုတ်​သင်​ပစ်​မည်။

24. ငါ​သည်​သူ့​အား​အ​စဉ်​ချစ်​မြတ်​နိုး​၍​သစ္စာ စောင့်​မည်။သူ့​အား​အ​စဉ်​အောင်​ပွဲ​ခံ​စေ​မည်။

25. ငါ​သည်​သူ​၏​တိုင်း​နိုင်​ငံ​ကို​မြေ​ထဲ​ပင်​လယ်​မှ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​စေ​မည်။

26. သူ​သည်​ငါ့​အား`ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​၏​အ​ဖ၊ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​ခို​လှုံ​ရာ၊ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​ပါ​၏' ဟူ​၍​လျှောက်​ထား​လိမ့်​မည်။

27. ငါ​သည်​သူ့​အား​ငါ​၏​သား​ဦး​ဖြစ်​စေ​မည်။ ဘုန်း​အ​ကြီး​ဆုံး​သော​ဘု​ရင်​ဖြစ်​စေ​မည်။

28. ငါ​သည်​သူ့​အား​ထား​ရှိ​သည့်​က​တိ​သစ္စာ​ကို အ​စဉ်​တည်​စေ​မည်။ငါ​နှင့်​သူ​ပြု​သော​ပ​ဋိ​ညာဉ်​ကို​ခိုင်​မြဲ​စေ​မည်။

ဆာ​လံ 89