15. ကျွန်တော်မျိုးသည်ငယ်စဉ်ကတည်းကဝေဒနာ ခံရလျက်သေလုနီးပါးဖြစ်ခဲ့ပါ၏။ကိုယ်တော်ရှင်ပေးတော်မူသောအပြစ်ဒဏ်ကြီးလေးမှုကြောင့်ကျွန်တော်မျိုးသည် မောပန်းနွမ်းနယ်ပါ၏။
16. ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော်သည် ကျွန်တော်မျိုးအားပြိုလဲစေပါ၏။ကိုယ်တော်ရှင်၏ကြောက်မက်ဖွယ်သောတိုက်ခိုက်မှုများသည်ကျွန်တော်မျိုးအား ချေမှုန်းစေပါ၏။
17. ယင်းတို့သည်မြစ်ရေလျှံသကဲ့သို့တစ်နေ့လုံး ကျွန်တော်မျိုးအားဝိုင်းရံလျက်ရှိပါ၏။အဘက်ဘက်မှနေ၍ကျွန်တော်မျိုးအနီးသို့ ချဉ်းကပ်လာကြပါ၏။