ဆာ​လံ 86:1-3 Common Language Bible (BCL)

1. ကျွန်​တော်​မျိုး​သည်​အင်​အား​ချိ​နဲ့​လျက်​ခို​ကိုး​ရာ​မဲ့ ဖြစ်​၍​နေ​ပါ​၏။ထို့​ကြောင့် အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​လျှောက်​ထား​သည်​ကို​နား​ထောင်​တော် မူ​၍ ဖြေ​ကြား​တော်​မူ​ပါ။

2. ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​စောင့်​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ကိုး စား​သော အ​စေ​ခံ​ဖြစ်​သော​ကြောင့်ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

3. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​တစ်​နေ့​လုံး ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။

ဆာ​လံ 86